တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေ၊ ၈ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေ၊ ၈ ဦးထက်မနည်း ဒဏ်ရာရ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အဝင်
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အဝင်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ၊ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ် စစ်ကောင်စီအမြောက်တပ်မှ လယ်သစ်အရှေ့ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဘက်သို့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့သည် လယ်သစ်အရှေ့ကျေးရွာရှိ နေအိမ်နှင့် လမ်းတို့တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေး၁ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စပစ်နေတာက မနက်အစောကြီးကတည်းကပါ။ ရွာဘက်ကို ကျပေါက်တာက ၇ နာရီကျော်မှာ ၄ လုံးလောက်ကျတယ်။ ရွာဘေးနားတွေမှာလည်း ကျတယ်။ ဒီရွာမှာက ကလေးပါ၊ ကလေး ၈ နှစ်ကျော်ပဲ ရှိသေးတယ်။ ကလေးက ဆုံးတယ်။ ကျန်တဲ့သူတွေက ၈ ဦးလောက်ဒဏ်ရာရတယ်လို့ သိရတယ်။ တခြားနည်းနည်းပါးပါးရတဲ့ သူတွေလည်း ရှိတယ်။

လက်နက်ကြီးက အိမ်ပေါ်လည်း ကျတယ်၊ လမ်းပေါ်လည်း ကျတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လွတ်မြောက်နယ်မြေက ဆေးပေးခန်းတစ်ခုတွင် ကုသပေးနေပြီး ထိခိုက်ဒဏ်ရာရရှိသူ အများစုသည် အသက် ၄၀ နှစ်မှ ၆၀ နှစ်အရွယ်ရှိကြသူများဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

၎င်းပြင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားနေအိမ် ၄ လုံးလည်း ထိခိုက်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ လယ်သစ်အရှေ့ကျေးရွာနှင့် အနီးပတ်ဝန်းကျင်က ကျေးရွာတချို့တို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည့်ဒေသဖြစ်ပြီး တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ကူပေးလေ့ရှိသည်။

ယခုဖြစ်စဥ်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်တို့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီဘက်က ကျွန်တော်တို့ နယ်မြေစိုးမိုးထားတာလို့ ပြောလို့ရတယ်၊ ဒီကောင်တွေက အရင်တုန်းက တိုက်ပွဲဖြစ်ရင်၊ ဒီဘက်မှာနော်၊ အဲခါ လက်နက်ကြီးပစ်ကူပေးတာရှိတယ်၊ အခု ဒီရက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာတော့ မရှိဘူး၊ သူတို့ဟာ သူတို့ ရမ်းပစ်တာနေမယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် မြို့နယ်အတွင်း တပ်အင်အားဖြည့်တင်းလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့ တိုက်ပွဲ မကြာခဏဖြစ်ပွားနေခြင်းကြောင့် အရပ်သားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...