ထိုင်းတွင် ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရ

ထိုင်းတွင် ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့ အိမ်ငှားရမ်း တိုက်ခန်းတစ်နေရာတွင် မြန်မာလုပ်သား ၆၆ ဦး ဧည့်စာရင်းမတိုင်ကြားထားသဖြင့် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းအချိန် မြန်မာလုပ်သားများ နေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း တစ်နေရာကို ထိုင်းဝန်ကြီးဌာန ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သား အမျိုးသားတစ်ဦးက ပြောသည်။

“ ထိုင်းရဲတွေက သူတို့မှာ စစ်ဆေးပိုင်ခွင့်ရှိတယ်။ ဒီမြို့နယ်၊ ရပ်ကွက်တွေမှာ တရားမဝင် အလုပ်သမားတွေ ရှိလား၊ မရှိလားဆိုပြီး စစ်ဆေးတယ်။ ဒီနေ့ ဝင်စစ်တော့ ဧည့်စာရင်း မတိုင်ကြားထားတဲ့ မြန်မာလုပ်သား ၆၆ ဦး အဖမ်းခံလိုက်ရတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဧည့်စာရင်းသည် မိမိနေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း ပိုင်ရှင်များကို တိုင်ကြားရပြီး တစ်ဆင့် တိုက်ခန်းပိုင်ရှင်များမှ ထိုင်းဝန်ကြီး လ.ဝ.က ရုံးကို တိုင်ကြားထားရကြောင်း သိရသည်။

တိုက်ခန်းငှားရမ်းသူများအနေဖြင့် ဧည့်စာရင်း မတိုင်ကြားလျှင် ထိုင်းဘတ် (၄,၀၀၀) မှ (၆,၀၀၀) အထိ ဒဏ်ငွေဆောင်ရကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...