ယခုနှစ်တွင် သံတွဲ၊ ငပလီသို့ ခရီးသွားဝင်ရောက်မှု များပြားလာ

ယခုနှစ်တွင် သံတွဲ၊ ငပလီသို့ ခရီးသွားဝင်ရောက်မှု များပြားလာ

ယခုနှစ်ပွင့်လင်းရာသီရာသီတွင် ရခိုင်ပြည် သံတွဲမြို့နှင့် ငပလီကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု များပြားလာနေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ သံတွဲမြို့နှင့် ငပလီကမ်းခြေရှိ ဟိုတယ်နှင့် တည်းခိုခန်းတိုင်း၏ ၅၀ ရာခိုင်နှုန်းကို ခရီးသွားများက ကြိုတင်ဘိုကင်ယူထားပြီဖြစ်ကြောင်း သံတွဲမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

“နှစ်လပိုင်းထက်စာရင် (ဒီ)သုံးလပိုင်းမှာတော့ ပိုပြီးတော့ များလာပါပြီ။ အခုဆိုရင် နေ့စဉ်ကို ငပလီမှာ ညအိပ်တဲ့ ခရီးသွား ၁,၂၀၀ ကျော်လောက် ရှိနေပါပြီ။ ရာခိုင်နှုန်းအနေနဲ့ ပြောရမယ်ဆိုရင် လက်ရှိဖွင့်ထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေက အခန်းတွေရယ် ဧည့်သည်လက်ခံရရှိမှုတွေရဲ့ အချိုးကိုတွက်လိုက်တဲ့အခါ အခန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က ဧည့်သည်လက်ခံရရှိနေပါပြီ”ဟု သံတွဲမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက DMG ကိုပြောသည်။

၂၀၂၃ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ငပလီသို့ ပြည်တွင်း ခရီးသွားဝင်ရောက်သူ ၁၈,၈၃၈ ဦးနှင့် ပြည်ပ ခရီးသွားဝင်ရောက်သူ ၇၉၇ ဦးရှိကြောင်း သံတွဲမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။

ယခင် ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ် သုံးနှစ်တာကာလအတွင်း ဒေသမတည်ငြိမ်မှုများနှင့် ကိုဗစ်ကပ်ရောဂါများကြောင့်  ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့သော်လည်း ယခုအခါ ရခိုင်ပြည်အတွင်း နိုင်ငံရေးတည်ငြိမ်နေသဖြင့် ခရီးသွားဝင်ရောက်မှု တိုးလာနေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်သုံးနှစ်လောက်က ခရီးသွားဝင်ရောက်မှု တအားနည်းခဲ့တာပါ။ ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် ခရီးလည်ပတ်တာတွေ သိပ်မရှိကြဘူးလေ။ ဒီနှစ်မှာတော့ အရင်နှစ်တွေထက် ခရီးသွားလာရောက်တာ တိုးလာတယ်လို့ ပြောလို့ရပါတယ်။ အခုမှ မတ်လအစပဲ ရှိသေးတော့ နောက်လတွေမှာလည်း ခရီးသွားတွေ ထပ်လာဖို့ကို မျှော်လင့်မိပါတယ်”ဟု သံတွဲမြို့မှ ဧည့်လမ်းညွှန် မယဉ်သူကပြောသည်။

သို့သော်လည်း ရှေး‌ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ရခိုင်ပြည်မြောက်ပိုင်းရှိ မြောက်ဦးမြို့သို့ ခရီးသွားဝင်ရောက်မှုမှာ လက်ရှိအချိန်ထိ နည်းပါးနေသေးကြောင်း သိရသည်။

“မြောက်ဦးကို အခုက ခရီးသွားဧည့်သည် လာရောက်မှုတော့ ရှိပါတယ်။ ဒါပေမယ့် နည်းတယ်လို့ ပြောလို့ရတယ်။ အရင်နှစ်တွေကထက် ဒီနှစ်မှာတော့ နည်းနေသေးပါတယ်။ ကြိုပြီး ဟိုတယ်ဘိုကင်လုပ်ထားတဲ့သူတွေလည်း မရှိသလောက်ပါပဲ။ ခရီးသွားတွေလာပေမယ့် နည်းနေပါသေးတယ်”ဟု မြောက်ဦးမြို့ခံ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ရခိုင်ပြည်အတွင်းသို့ ပြည်တွင်းခရီးသွား ၂၉၂, ၇၁၅ ဦးနှင့် ပြည်ပခရီးသွား ၃, ၈၆၆ ဦး ဝင်ရောက်မှုရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။ ၂၀၂၂ ခုနှစ် တစ်နှစ်တာစာရင်းကို သိရှိနိုင်ရေးအတွက် အဆိုပါရုံးမှတာဝန်ရှိသူကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...