တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ်နှစ်တပ် တိုက်ပွဲပြန်ဖြစ်

တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ်နှစ်တပ် တိုက်ပွဲပြန်ဖြစ်

တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ် (၂) တပ်သည် သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ကျေးရွာ အနီး ယနေ့ (ဖေဖော်ဝါရီ ၂) ရက် နံနက်ပိုင်း၌ တိုက်ပွဲပြန်ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။

သျှမ်းတပ် (၂) တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ဖြစ်သည်။

ယနေ့ မတ်လ ၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှ စပြီး နေ့လည် ၂ နာရီ ထိ သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် နမ့်တွတ် အနီးတွင် သျှမ်းတပ်ဖွဲ့ နှစ်ဖွဲ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA ၏ Facebook Page (Tai Freedom) မှာ ထုတ်ပြန်ထားသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် SSPP/SSA တပ်ဖွဲ့မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် RCSS/SSA တပ်စခန်း နေရာကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း Tai Freedom သတင်းစာမျက်နှာမှ ရေးသားထားသည်။

သျှမ်းပြည် တပ်မတော်များ ဖြစ်ကြသည့် SSPP နှင့် RCSS တို့သည် တစ်နှစ်နီးပါး ထိတွေ့ တိုက်ပွဲ ရပ်တန့်ထားရာမှ ယနေ့တွင် ထိတွေ့တိုက်ပွဲ တဖန် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် သျှမ်းသံတော်ဆင့်မှ သျှမ်းတပ် နှစ်တပ်၏ ပြောရေးဆိုခွင့်များထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းတွင် ရပ်စောက်မြို့နယ်အတွင်း၌ သျှမ်းတပ်နှစ်တပ်တို့ ထိတွေ့တိုက်ပွဲ နောက်ဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်တွင်လည်း ဒေသခံများက အိုးအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...