ရာသီထွက် ဈေးအဖွင့်၏ ၃၀ ရာခိုင်းနှုန်းအထိ ကယားပြောင်းဈေး ထိုးကျ

ရာသီထွက် ဈေးအဖွင့်၏ ၃၀ ရာခိုင်းနှုန်းအထိ ကယားပြောင်းဈေး ထိုးကျ
by -
လင်းသန့်
ယခုနှစ် အစေ့ထုတ်ပြောင်း(အခြောက်)များ ထွက်ပေါ်ချိန်က ၁ ပိဿာ ၅၆၀ ကျပ် အထိ ဈေးကောင်းရခဲ့သော်လည်း သီတင်းကျွတ်အချိန်အတောအတွငး် ၃၃၀ ကျပ် အထိကျဆင်းသွားခဲ့ကြောင်း လွိုင်ကော် သီးနှံအဝယ်ဒိုင်များထံမှ သိရသည်။ ယင်းသည် မူလဈေးအဖွင့်၏ ၃၀ ရာခိုင်နှုန်းအထိ ဆက်တိုက်ကျဆင်းနေခြင်းပင် ဖြစ်သည်။

ဈေးစတင်ဖွင့်ခဲ့သော သြဂုတ်လ နောက်ဆုံးအပတ်မှ အောက်တိုဘာလ ပထမအပတ်အထိ ဈေးနှုန်းကျဆင်းမှုနှုန်းသည် တစ်ရက်လျှင် ၂၀ ကျပ်ဖြင့် အရိပ်ရိပ်ကျဆင်းနေခြင်း ဖြစ်သည်။

ယခုဈေးကျဆင်းမှုကို အလွန်အမင်းမစိုးရိမ်ရန်နှင့် အောက်တိုဘာလ ဒုတိယအပတ်အတွင်း ပြောင်းအဝယ်ဒိုင်များဈေးဖွင့်ပါက ဈေးနှုန်းများ ပြန်လည်တက်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကယားပြည်နယ်ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဌ ဦးမြင့်မောင်က ပြောကြားသည်။

“တောင်သူတွေ ဒီကြားထဲ ငွေလိုလို့ ထုတ်ရောင်းတာတွေများတယ်။ အဓိကဖြစ်တဲ့ CP က မဝယ်သေးဘူးလေ။ သူတို့ဝယ်မှ ဈေးကောင်းစရနိုင်တယ်။ နည်းနည်းထိန်းထားဖိို့လိုတယ်။ သီတင်းကျွတ်ရင်တော့ ဈေးပြန်တက်လာဖို့တော့ မျှော်လင့်ရတယ်။”ဟု ဦးမြင့်မောင်က အောက်တိုဘာ ရ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ပြောင်းစိုက်တောင်သူများမှ ရိတ်သိမ်းနေပြီးဖြစ်သော ယခုအချိန်ကာလအတွင်း ရောင်းချလိုသူများပြားနေခြင်းဖြစ်သည်။ စရိတ်အတွက် ငွေလို၍ထုတ်ရောင်းချနေခြင်းများ ရှိနေသော်လည်း ဈေးနှုန်းကျဆင်းမှုကြောင်း တောင်သူများ မိမိတို့၏ သီးနှံများကို အလုံးအရင်းလိုက် ထုတ်ရောင်းရန် တွန့်ဆုတ်နေသူများလည်း ရှိနေကြသည်။

ယမန်နှစ်က ပြောင်းဈေးအဖွင့်မှာပင် တစ်ပိဿာလျှင် ၂၆၀ သာ ဈေးပေါက်ခဲ့ပြီး ပြောင်းစိုက်တောင်သူများ အရှုံးနှင့် ကြံုတွေ့ခဲ့ကြရသည်။

June 11, 2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ရောက်လာပြီဖြစ်ပေမယ့် ကရင်နီပြည်က...
June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...
June 9, 2026
“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က...