ဒီးမော့ဆိုမှာ ကယားရိုးရာ “လာလီခူ” ရိုးရာ ဆုတောင်းပွဲ ပြုလုပ်

ဒီးမော့ဆိုမှာ ကယားရိုးရာ “လာလီခူ” ရိုးရာ ဆုတောင်းပွဲ ပြုလုပ်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့ ဆုတောင်းပူဇော်ပွဲကို ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဆုတောင်းပွဲမှာတော့ တောင်ထိပ်တနေရာမှာ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ကြက်ဖြူတကောင်နဲ့  ကြက်ရိုးထိုး ပူဇော်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုးရာ ကြက်ရိုးထိုးပြီး ရရှိလာတဲ့အဖြေကိုတော့ ဒေသခံအမျိုးသား တဦးက အခုလိုပဲ ရှင်းပြပါတယ်။

"ဒီနှစ် ကြက်ရိုးရဲ့ အဖြေကတော့ အောင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နည်းနည်း စိုးရိမ်ရတာ ကတော့ စိုက်ပျိုးရေး အတွက် အသုံးပြုရမယ့် ရေတွေကတော့ ယခင်နှစ်လိုမျိုး အပိုအလျှံ ရနိုင်တော့မှာ မဟုတ်ဘူး။ လျော့နည်းလာမှာ ဖြစ်တယ်။ ကျန်တာကတော့ စိုးရိမ်စရာ မရှိဘူး။ ပုံမှန် အနေအထားမှာပဲ ရှိနေတယ်လို့၊ အလားလာကောင်းတယ်လို့ ပြောလို့ရပါတယ်"လို့ အဆိုပါ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အဆိုပါ ဆုတောင်းပွဲကို နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရာသီ ဇွန်လအစပိုင်းမှာ ပြုလုပ်လေ့ရှိပြီးတော့ ကေ့ထျိုးဘိုး(တံခွန်တိုင်)ကို ကိုးကွယ် ယုံကြည်တဲ့အမျိုးသားတွေကိုသာ တက်ရောက်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်တဲ့ လူဦးရေကို ကန့်သတ်ထားပြီး  မ ဂဏန်း အရေအတွက်သာ တက်ရောက်ရတယ်လို့ သိရပါတယ်။

“လာလီခူ” ဆုတောင်းပွဲဟာ ရှေးယခင် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ရိုးရာတခု ဖြစ်ပါတယ်။ တောတောင် စောင့်နတ်တွေကို ပူဇော်ပသပြီး ရာသီဥတုကောင်းမွန်ဖို့၊ သီးနှံဖြစ်ထွန်းဖို့၊ ကျေးရွာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆုတောင်း ကြတာဖြစ်ပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...