ကသာတွင် ၃ ရက်အတွင်း ကျေးရွာ ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ခံရ

ကသာတွင် ၃ ရက်အတွင်း ကျေးရွာ ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ခံရ

ကသာမြို့နယ်တွင် ၃ ရက်အတွင်းကျေးရွာ‌ပေါင်း ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်း ငအိုးဘက်မှ ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ မယ်ညိုရွာကို စတင်ကာမီးရှို့ခဲ့ကြောင်း သိရသည်။

“ သူတို့က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ၉ ရက်နေ့ညက ရှမ်းမြောက်ကနေထွက်လာတာ ၁၁ ရက်နေ့မှာ ရွာတွေကိုမီးစရှို့တာ အခုထိဆိုရွာပေါင်း ၅ ရွာရှို့ခံထားရတယ်။ ခန့်မှန်း‌အိမ်ခြေ ၇၀၀ ကျော်လောက်ပါနိုင်တယ်။ ဘာလို့ဆို ရှို့ခံထားရတဲ့ ၅ ရွာထဲက ၂ရွာကရွာကြီး အဲ့ရွာကြီးတွေကအိမ်‌ခြေ တော်တော်ပါသွားတယ်“ ဟု ကသာပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မီးရှို့ခဲ့ရသည့် ကျေးရွာများမှာ မယ်ညို၊ တက်တူလယ်၊ သာယာကုန်း၊ အင်းကြီး၊ လှေဘိုစသည့် ကျေးရွာများဖြစ်ပြီး ကသာမြို့နယ် အရှေ့တောင်ဘက်ခြမ်း ကသာနှင့်မဘိန်းအစပ် ရွှေလီမြစ်ကမ်းနံဘေးတွင်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

ယင်းစစ်ကြောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်အခြေစိုက် ခလရ-၁၂၁ဖြစ်ပြီး စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကသာမြို့နယ်သို့ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစစ်ကြောင်း နှစ်ကြောင်းအနက် တစ်ကြောင်းမှာအင်းကြီးကျေးရွာရှိ ဆေးရုံတွင်တပ်စွဲထားပြီး နောက်ထပ် စစ်ကြောင်းတစ်‌ကြောင်းသည် လောင်းတော်ဦးဘုရားကုန်းဘက်သို့ ထွက်ခွာသွား‌‌ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် လက်ရှိချိန်တွင် ကသာမြို့နယ်အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၅၀၀၀ ဝန်းကျင်သည် ဘေးလွှတ်ရာသို့ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်း‌ရှောင်နေကြရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...