မချမ်းဘော့၌ ရွာလယ်ချောင်းအတွင်း ရွှေတူးဖော်နေ၍ ဒေသခံများ သုံးရေအခက်အခဲဖြစ်

မချမ်းဘော့၌ ရွာလယ်ချောင်းအတွင်း ရွှေတူးဖော်နေ၍ ဒေသခံများ သုံးရေအခက်အခဲဖြစ်
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit

ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့် ဆင်လုံဒမ်းချောင်းအတွင်း ရွှေတူးဖော်နေကြသဖြင့် သုံးရေအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဆင်လုံဒမ်းကျေးရွာနေ ပြည်သူများ သုံးရေအတွက် အဓိက မှီခိုနေရသည့် ရွာလယ်ခေါင်ရှိ ချောင်းအတွင်း လွန်ခဲ့ သည့်လမှ စတင်၍ ရွှေလုပ်ငန်းရှင်အချို့က စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ တူးဖော်နေကြရာ ချောင်းရေ သုံးစွဲ၍ မရတော့ကြောင်း အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရေချိုး၊ အဝတ်လျှော် အဲဒီချောင်းမှာပဲ သုံးကြတယ်။ နွေနဲ့ ဆောင်းပိုင်းဆိုရင် တွင်းရေခမ်းတော့ အဲဒီချောင်း ကိုပဲ အားကိုးနေရတာဗျ။ ဒီရက်ပိုင်းတွေကတော့ လုံးဝသုံးလို့မရတော့ဘူး။ ရေတအားနောက်တယ်။ ရေငုပ် စက်တွေနဲ့ တူးနေတာ။ အခုက ရွာဘေးတွေတူးကုန်တော့ ရွာထဲက ချောင်းမှာပါ ရွှေတူးကုန်ပြီဗျာ။”

ဒေသခံများ၏ ပြောဆိုချက်အရ ဆင်လုံဒမ်း ရွာလယ်ခေါင်တည့်တည့်ရှိ ချောင်းအတွင်း ရေငုပ်စက် ၃ စီးဖြင့် ရွှေတူးဖော်နေခြင်း ဖြစ်သည်။

ထိုသို့ တူးဖော်မှုကြောင့် ချောင်းရေ ပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နေသကဲ့သို့ ချောင်းအနီးရှိ အိမ်ခြံဝင်း များပါ ထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်နေကြရသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “လောလောဆယ်ကတော့ ချောင်းရေ သုံးမရတော့တဲ့ အခြေအနေပါ။ ဒီစက်တွေ ဆက်တူးလာရင်တော့ နောက်ဆို ချောင်းဘေးတစ်လျှောက်က အိမ်တွေလည်း ပါသွားမှာ” ဟု ပြော သည်။

ဆင်လုံဒမ်းချောင်း၏ အောက်ဘက်တွင်ရှိသည့် ခန်ချိုကျေးရွာမှ ဒေသခံများသည်လည်း အဆိုပါ ချောင်းရေကို ပင် သုံးရေအတွက် အဓိက အားထားနေရခြင်းဖြစ်သည်။

“ဆင်လုံဒမ်းအောက်ဘက်မှာ ခန်ချိုရွာရှိသေးတယ်။ ခန်ချိုရွာကလည်း ဒီချောင်းရေကိုပဲ သုံးနေတာ ဟုတ် တယ်” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ ရွှေတူးဖော်မှုကို မချမ်းဘော့မြို့စောင့်တပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆင်လုံဒမ်း ကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ ခွင့်ပြုချက်ဖြင့် တူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော် လည်း ထိုသို့ပြောဆိုမှုနှင့်ပတ်သက်၍ KNG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ချောင်းအတွင်း ရွှေတူးဖော်မှုကြောင့် ဆင်လုံဒမ်းနှင့် ခန်ချိုကျေးရွာ ၂ ရွာလုံး သုံးရေခက်ခဲနေသည့်အပြင် ဆက် လက်တူးဖော်ပါက ကျေးရွာမြေနေရာ ပျက်စီးခြင်း၊ နေအိမ်များ ရေဘေးနှင့် မြေပြိုမှုအန္တရာယ် ကြုံတွေ့လာနိုင် ခြင်းတို့ကြောင့် သက်ဆိုင်ရာက စိစစ်၍ အမြန်ဆုံး ရပ်တန့်ပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များကလည်း ဆင်လုံဒမ်းကျေးရွာ ပတ်ဝန်းကျင်ရှိ တောစပ်များနှင့် လယ်ယာ မြေများ၌ ရွှေအလွန်အကျွံ တူးဖော်ခဲ့သဖြင့် လက်ရှိတွင် ကျေးရွာလယ်မြေ သုံးပုံနှစ်ပုံခန့် ပျက်စီးသွားခဲ့ပြီ ဖြစ် သည်။

ပူတာအိုဒေသ၌ ၂၀၂၃ ခုနှစ်ခန့်မှစ၍ စက်ယန္တရားအသေးစားများဖြင့် ရွှေတူးဖော်မှုများ စတင်ခဲ့ပြီး ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် စက်ယန္တရားကြီးများ အသုံးပြုကာ ရပ်ကွက်၊ ကျေးရွာ၊ လယ်ယာမြေများနှင့် မြစ်ချောင်းများ အထိ အလွန်အကျွံ တူးဖော်လာကြခြင်း ဖြစ်သည်။

စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကချင်ပြည်အတွင်း ပူတာအိုအပြင် တနိုင်း၊ မြစ်ကြီးနား၊ မိုးညှင်း၊ ရွှေကူ နှင့် မံစီမြို့နယ်များ၌လည်း အကြီးစား ရွှေတူးဖော်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး ပူတာအိုဒေသတွင်မူ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသည်အထိ တူးဖော်မှုများ ပိုမိုများပြားလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...