KIA တပ်ရင်း ၉ နေရာကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ

KIA တပ်ရင်း ၉ နေရာကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး KIA တပ်ရင်း ၉ ကောင်းဆတ်ဘွမ် (Kawng Sak Bum) ဘက်ကသို့ စစ်ကောင်စီတပ်မှ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်မှစကာ ဂျက်လေယာဉ်တစ်စီးဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများမှ သိရသည်။

KIA တပ်မဟာ ၆ တပ်ရင်း ၉ နေရာ ကွတ်ခိုင်မြို့အနီး ခိုမုန်းရွာအရှေ့ဘက် ကောင်းဆတ်ဘွမ်၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်ဆက်တိုက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက် နမ်ဖတ်ကာဗျူဟာကုန်းမှ လက်နက်ကြီးများဆက်တိုက် ပစ်ခတ်နေသည့်အပြင် ယနေ့တွင် ဂျက်လေယာဉ်ဖြင့်ပါ အသုံးပြုပြီးတိုက်ခိုက်နေကြောင်း နမ်ဖတ်ကာဒေသခံတစ်ဦးပြောသည်။

“မနေ့ညကနေ အခုထိ မရပ်မနားတိုက်ပွဲဖြစ်ပွားနေတာဟုတ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ နေ့တိုင်းလိုလိုဖြစ်နေတယ်တိုက်ပွဲက အခုဒီနေ့က လေယာဉ်နဲ့ လည်း ဆက်တိုက်လာပစ်နေပြီ။ အခု ၅ ရက်လောက်ရှိနေပြီ ဒီမှာတိုက်ပွဲ ပြင်းထန်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထား‌ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ ရှုခင်းသာအနီးမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ လက်ရှိချိန်နားဖိုင်ရွာဘက် ကောင်းဆတ်ဘွမ်အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွား‌နေကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ နေရာကို စစ်ကောင်စီတပ်မှလေယာဉ်နှင့် အင်အားအလုံးအရင်းသုံး တိုက်ခိုက်ခဲ့သည်။

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...