ရဲစခန်းအပစ်ခံရ၍ ပြန်လည်ပစ်ခတ်သည့် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သံဃာ ၃ပါး ထိခိုက်ဒဏ်ရာရ

ရဲစခန်းအပစ်ခံရ၍ ပြန်လည်ပစ်ခတ်သည့် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သံဃာ ၃ပါး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝီ‌ယော်ရဲစခန်းကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်(၆)နာရီအချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ ဘုန်းကြီးနှစ်ပါးနှင့် သာမဏေ(ကိုရင်) တစ်ပါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဝီယော်ရဲစခန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ၏ အမှတ်(၉)ခြေမြန်တပ်ရင်းတပ်စခန်းမှ မိချောင်းအိုင် ကျေးရွာထဲသို့ ည(၁၂)နာရီအချိန်တွင် (၁၂၀)မမ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခြင်းကြောင့် ၎င်းကျေးရွာထဲရှိ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ရာ ဘုန်ကြီးနှစ်ပါးနှင့် သာမဏေတစ်ပါးကို ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ညက စကစအမြှောက်ကုန်းကနေ (၁၂၀)နဲ့ပစ်တယ်။ ဘုန်းကြီးကျောင်းကိုထိတော့ ဘုန်းကြီး(၂)ပါး ကိုရင်(၁)ပါးထိတယ်။ မနက်မိုးလင်း(၆)နာရီလောက် ကျနော်တို့ဝီယော်စခန်းကို သွားပစ်တယ်။  မနေ့ည က(၁၂)နာရီမှာသူတို့ပစ်တာ။ ဒီနေ့တော့ လက်နက်ကြီးပစ်တာမကြားသေးဘူး။ ဝီယော်စခန်းကို သွားပစ်တုန်းက သူတို့လက်နက်ကြီးထုတာ ထုံးဘိုလေး၊ ထုံးဘိုကြီးတို့မှာ လက်နက်ကြီးကျတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးနှစ်ပါးမှာ ဦးခေါင်း၊ ခြေထောက်တို့တွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သလို ကိုရင်တစ်ပါးကိုမူ ကျည်စထိမှန်မှု အနည်းငယ်ပြင်းထန်ခဲ့ပြီး ကေအဲန်ယူ သထုံခရိုင်ဘက်သို့ ဆေးကုသမှု သွားရောက်ခံယူနေရကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကောင်စီ ရဲစခန်းကို  ဝင်ရောက်ပစ်ခတ်ရာတွင် ရဲစခန်းအတွင်းရှိ ရဲတပ်သာ(၂)ဦး သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ခြမ်းမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ကေအဲန်ယူ ဗဟိုသတင်းပြန်ကြားရေးဌာနမှ သတင်း ထုတ်ပြန်ချက် ထုတ်ပြန်ရာတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ (ခမရ-၉)က ရည်ရွယ်ချက်ရှိရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိကျောင်းအိုင် ဘုန်းကြီးကျောင်းသိမ်ပျက်စီးကာ သံဃာတော် (၂) ပါးနှင့် သာမဏေ (၁) ပါး ထိခိုက်ဒဏ်ရာ ရရှိဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ (ခမရ-၉)နှင့် (ခမရ-၃၁၄) တပ်ရင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ် တွင်းရှိ ကျေးရွာများထဲသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်သောကြောင့် ရွာနေဒေသခံများမှာ စိုးရိမ် ထိတ်လန့် ကြောတ်ရွံ့စွာနေထိုင်နေရပြီး မကြာခဏ ရှောင်တိမ်းနေရကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...