ဧရာဝတီ၌ လူငယ်များ ပေါ်တာဆွဲခံရပြီး သိန်းရာချီဖြင့် ပြန်ရွေးနေရ

ဧရာဝတီ၌ လူငယ်များ ပေါ်တာဆွဲခံရပြီး သိန်းရာချီဖြင့် ပြန်ရွေးနေရ
ပုံဟောင်း / MOI
ပုံဟောင်း / MOI

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ စစ်အုပ်စုတပ် က လူငယ်များကို အဓမ္မ စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြန်လွှတ်ပေးရန် ငွေကျပ် သိန်း ၁၀၀ အထိ တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

တိုင်းဒေသကြီး အခြေစိုက် စစ်အုပ်စုတပ်သည် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားများကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သည်။

နေ့လယ်ပိုင်း မော်တော်ဆိုင်ကယ်များကို တားဆီးစစ်ဆေး၍ မသင်္ကာဖွယ် ခေါင်းစဉ်ဖြင့် ဖမ်းဆီးသလို၊ ညပိုင်း အလုပ်မှအပြန် နောက်ကျခြင်းနှင့် လူစုလူဝေးဖြင့် ရှိနေခြင်း စသည့် ပုံစံမျိုးစုံဖြင့် ဖမ်းဆီးနေကြခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “ညဘက်တွေကင်းလှည့်စစ်တယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကဆို အလုပ်က အပြန် ရွာဘေးမှာ ဆိုင်ထိုင်နေကြ တဲ့ လူငယ်နှစ်ယောက် ပါသွားတယ် ကားနဲ့တင်ခေါ်သွားတာ။ ခေါ်သွားတဲ့ သူတွေကို ပိုက်ဆံနဲ့ပြန်ရွေးခိုင်းလို့ မရွေးနိုင်ရင် စစ်မှုထမ်းထဲပို့လိုက်တယ်” ဟု ပြောသည်။

အဓမ္မ စစ်အင်အားစုဆောင်းခံရသူများ၏ မိသားစုများထံ စစ်အုပ်စုတပ်က ရပ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် ပြန်လာရွေးရန် အကြောင်းကြားလေ့ရှိသည်။

သို့သော် ငွေကျပ် သိန်းရာနှင့်ချီ တောင်းခံနေသဖြင့် ရပ်ရွာရှိ ဘာသာရေးအကြီးအကဲများနှင့် ရပ်မိရပ်ဖများက ငွေကြေးပမာဏ လျှော့ချရေး လိုက်လံညှိနှိုင်းပေးနေကြရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သိန်း ၁၀၀ ဝန်းကျင်လောက်အထိ တောင်းတာတွေ ရှိတယ်။ စစ်တပ်နဲ့သွားတွေ့ပြီး ပိုက်ဆံဘယ်လောက်ပေးရင် လွှတ်ပေးပါဆိုပြီး ညှိရတာ။ လူကြီးတွေ လိုက်ညှိ နှိုင်းပေးလို့ တစ်ယောက်ဆို ၃၅ သိန်းဝန်းကျင်နဲ့ ပြန်ထွက်လာလို့ရတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ စစ်မှုထမ်းဥပဒေကို ကျင့်သုံးကာ နိုင်ငံတစ်ဝန်းတွင် စစ်သားသစ် စုဆောင်း၍ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

အဆိုပါအချိန်မှစ၍ ဒေသအတွင်း လူငယ်များ ပေါ်တာဆွဲခံရခြင်းနှင့် ငွေဖြင့် ပြန်ရွေးနေရသည့် ဖြစ်စဉ်များ ပိုမိုဆိုးရွားလာပြီး ဧရာဝတီတိုင်းမှ လူငယ်အချို့သည် ရန်ကုန်နှင့် မကွေးဘက်သို့ ရောက်ရှိကာ စစ်မှုထမ်းနေ ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လက်ရှိတွင် ဧရာဝတီတိုင်းအပြင် ကရင်ပြည်အတွင်း၌ပါ သွားလာရေး သတိထားနေကြရပြီး၊ လူငယ်များ ညဘက်အပြင်မထွက်ကြရန် ရပ်မိရပ်ဖများက သတိပေးနှိုးဆော်ထား ကြသည်။

September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...