ကော့ကရိတ်မြို့တွင် မာရှယ်လောထုတ်ပြန်ပြီးနောက် ဖမ်းဆီးအရေးယူခံသူ ၅၀ကျော် အထိရှိနေ

ကော့ကရိတ်မြို့တွင် မာရှယ်လောထုတ်ပြန်ပြီးနောက် ဖမ်းဆီးအရေးယူခံသူ ၅၀ကျော် အထိရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အာဏာသိမ်း စစ်ကောင်စီက မာရှယ်လော(Martial Law) စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေညာပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူခံရသူ ၅၀ ဦးကျော်ရှိနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့တွင် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီလ ၂ရက်နေ့ကြေညာ စာထုတ်ပြန်ပြီးနောက်တွင် ထုတ်ပြန်ထားသည့်အချိန်အနည်းငယ်ကျော်လျှင် ဖမ်းဆီးပြီး စွဲချက်တင်ကာ အပြစ်ပေးထောင်ချခံရနေကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “လက်ရှိ ကော့ကရိတ်မှာ မာရှယ်လောထုတ်ထားတဲ့ ည ၇နာရီ မနက် ၆နာရီအတွင်း အပြင်မ ထွက်ခိုင်းဘူး။ အချိန်နည်းနည်းစွန်းတာနဲ့လမ်းမှာတွေ့ရင်ဖမ်းပြီး။ ဖမ်းထားတဲ့သူ‌တွေ တရားရုံးမှာ စွဲချက်တင်ပြီး မိသားစုတွေထမင်းသွားပို့တာ အပို့မခံဘူ။ ထောင် ၆လကျတယ်လို့ ကြားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင် ဖမ်းဆီးခံရသည့် ဒေသခံများ အယောက် ၅၀ ကျော်ထဲတွင် ရဲဝန်ထမ်း ၁ ဦးနှင့် မြေစာရင်းတစ်ဦးပါဝင်ကာ ၎င်းဝန်ထမ်းနှစ်ဦးသာ ပြန်လွှတ်ပေးနေကြောင်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများထံမှ သိရသည်။

စစ်ကောင်စီ ဝန်ထမ်းတစ်ဦးက “ဖမ်းစီးခံရတာ အယောက် ၅၀ ကျော်ပြီး။ ဖမ်းခံထိတဲ့အထဲမှာ ရဲတစ်ဦးနဲ့ မြေစာရင်းတစ်ဦးပါတယ်။ သူတို့နှစ်ဦးတော့ပြန်လွှတ်တယ် ကြားတယ်။ ကျန်တဲ့သူတွေက ပြန်လွှတ် တာမကြားသေးဘူး”ဟု ကေအိုင်စီသို့ပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည်  အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချု‌ပ်ရေး မာရှယ်လော အာဏာကျင့်သုံးရန် စစ်ကောင်စီ ကြေညာစာထုတ်ပြန်သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်များ မြို့ကင်းလှည့်၍ စစ်ဆေးဖမ်းဆီးခံရ သူများရှိသလို နံနက်စောစော မြို့ဈေးထဲ ဈေးသွားရောင်းသူများလည်း ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...