တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက်အခမ်းအနားသဝဏ်လွှာ NUG ကိုပေးပို့

တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက်အခမ်းအနားသဝဏ်လွှာ NUG ကိုပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရကဦးဆောင်ကျင်းပတဲ့ (၇၆) နှစ်မြောက် (ပင်လုံ စာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက်) အထိမ်းအမှတ်အခမ်းအနားကို တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက အာဏာဆုပ်ကိုင်ထားနိုင်ဖို့ရှေးရှုပြီး တိုင်ပြည်အာဏာကို လက်နက်အားကိုးနဲ့ လက်ဝါးကြီးအုပ်ထားနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် တန်းတူအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးတို့ဟာ လက်ရှိအချိန်ထိ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာ မရှိသေးဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ကာလကအမှားတွေကို နိုင်ငံတကာကလည်း ရှောင်ကြည်ဖို့၊ စစ်အာဏာသိမ်းယူမှု အလွန် အသွင်ကူးပြောင်းရေးကာလမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ နိုင်ငံ အနာဂတ် ကိုအတူတကွ ဖော်ဆောင်ဖို့မရှိမဖြစ် လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သဝဏ်လွှာမှာ ဆိုထားပါတယ်။

ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ဖက်ဒရယ်ယူနစ်တွေ သက်ဆိုင်ရာ ဒေသတွေမှာ အားကောင်းမောင်း သန် ဖြစ်တည်ရေးကို NUG အနေနဲ့ ပိုမိုကြိုးစားအားထုတ်ဖို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီက တိုက်တွန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ Kachin Political Interim Coordination Team(KPICT)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်(TTF)၊မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရပ်ဝန်းသစ် နဲ့ Women’s Peace Network စတဲ့ အဖွဲ့တွေက သဝဏ်လွှာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...