မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်းအနီး လူငယ် ၂ ဦးဖမ်းခံရ

မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်းအနီး လူငယ် ၂ ဦးဖမ်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အနီးရှိ  လေ့ကျင့်ရေးကျောင်းအနီးတွင် ယမန်နေ့ ၄ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က လူငယ် ၂ ဦးကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည်  ပညာရေးကောလိပ်ကျောင်းလမ်းဆုံးတွင် ဆိုကယ် ၂ စီးဖြင့် စီးနင်းလာသည့်အချိန် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီအဖွဲ့ဝင် ၇ ဦးခန့်က စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေတစ်ဦးက KNG ကိုပြောသည်။

“ဖမ်းခံရတဲ့ လူငယ် ၂ ယောက်က အသက်အားဖြင့် ၂၀ ဝန်းကျင်လောက်ပဲရှိနိုင်တယ်။ ဆိုင်ကယ်နဲ့လာတာကို စစ်ဆေးတာတွေလုပ်ပြီး ၂ ယောက်စလုံးကို ဖမ်းခေါ်သွားတယ်”ဟုပြောသည်။

စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရသေးပါ။

ယနေ့တွင်လည် မြစ်ကြီးနားမြို့၏ မြို့တွင်း ရပ်ကွက် လမ်းကြားနေများမှာ စစ်ကောင်စီတပ်က နေရာအနှံ့ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေသည်ဟု သိရသည်။

“အခုချိန် ရပ်ကွက် လမ်းကြားတွေမှာ စစ်သားတွေက အရပ်ဝတ်တွေဝတ်ဆင်ထားပြီးတော့ နေ့တိုင်းလိုလိုစစ်နေတယ်။ တစ်ခါတစ်လေရဲတွေလည်းပါတယ်။ ဆိုင်ကယ်ရော ကားရော အကုန်စစ်တယ်”ဟုမြစ်ကြီးနား ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့တွင်း သီတာရပ်ကွက် အဝိုင်းပတ်အနီးရှိ ဆိုင်ကယ်ပြင်ဆိုင် လမ်းတောင့်နေရာတွင် လူငယ် ၂ ဦးအား စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့နောက် စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သော ဇန်နဝါရီလ ၂၃ ရက်နေ့  မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့တွင် ည မထွက် အမိန့်စာထုတ်ပြန်ထားသည်။

၂၀၂၃ နှစ်ဆန်းပိုင်းအတွင်း မြစ်ကြီးနားမြို့တွင်း ဖမ်းဆီးခံရသည့် လူငယ် ၄ ဦးအထိရှိလာပြီဖြစ်သည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...