ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင်ရှိ ကျေးရွာ ၅ ခုကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့တို့က  မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဒေသခံ ပြည်သူ ၈ ထောင်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောသည်။

စစ်အင်အား ၁၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ချပ်သင်းတိုက်နယ်ရှိ ချပ်ကြီးရွာတွင် ၄ ရက်ခန့်အကြာ တပ်စွဲနေထိုင်ခဲ့ကြပြီး တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များ မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။

“ဒီကောင်တွေက ချပ်ကြီးပျူရွာမှာ ရောက်နေတာ ၄ ရက်လောက်ကြာပြီ။ ၄ ရက်နေ့မှာကတော့ ချပ်လယ်မှာ ညအိပ်တယ် အထွက်ကို မီးရှို့သွားတယ်။ မနေ့ကတော ကျနော်တို့ရွာကို ပြန်ဝင်တယ် မကြာဘူး မီးစတင်တယ် အခုထိ ဒေသခံတွေက ရှောင်နေရတုန်းပဲ တဖြည်းဖြည်းနဲ့ စစ်ကြောင်းရွေ့တဲ့ပေါ်မူတည်ပြီးတော့ ရှောင်ကြရတယ်။ အခုက ရွာကြီးတွေလည်း ဖြစ်တော့ ၈ ထောင်ကျော်လောက်ရှိတယ်”ဟုပြောသည်။

ချပ်လယ်ရွာနှင့် ပိတောက်ပင် ရွာ ၂ ခု မီးရှို့ခံရမှုတွင် နေအိမ် ၁၅ လုံး၊ စပါးတိုက် ၁၂ လုံးနှင့် စပါးတင်း တစ်ထောင်ဝန်းကျင် မီးရှို့ခံလိုက်ရကြောင်းသိရသည်။

ထို့နောက် ယနေ့နံနက်ပိုင်းတွင်လည်း ပိတောက်ပင်ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ ပေါက်တောရွာကို ပြန်လည်ဝင်ရောက်ရှို့နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအဖွဲ့က ပိတောက်ပင်၊ နဂါးပေါ်၊ အုပ်ခ၊ ချပ်လည်၊ ပင့်သာကြီး အစရှိသည့် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုကျေးရွာအတွင်းရှိ ဒေသခံများက နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောတောင်နေရာများတွင် ယာယီတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ လူနေအိမ်များတွင်  အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီအဖွဲ့သည် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် မကြာခဏ ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်များကို မီးရှို့ဖျက်ဆီးနေသည့် ခမရ ၃၆၈ အဖွဲ့တို့ဖြစ်သည်။

ကန့်ဘလူနှင့် ကျွန်းလှနယ်သည် ပြီးခဲ့သော ဇန်နဝါရီလ တစ်လအတွင်း ကျေးရွာ ၈ ခုမီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူနေအိမ် ၃၀၀ နီးပါးခန့် မီးလောင်ပျက်စီးသွားခဲ့ရကာ ပြည်သူ ၇ ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်။

Data for Myanmar ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမီးရှို့ခံရမှုနေအိမ်ပေါင်း ၄၈၄၆၃ ရှိရာ ၃၆၆၆၇ အိမ်ပါဝင်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...