သရက်ချောင်းဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်ဆီးသတ်ဖြတ်သွား

သရက်ချောင်းဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်ဆီးသတ်ဖြတ်သွား

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ဖေဖော်ဝါ ရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီပြီးနောက် လမ်းခုလတ်မှာပဲ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မနက် ၉ နာရီကျော်အချိန်လောက်မှာ ရငဲကျေးရွာမင်းတပ်တံတားအနီးက စစ်ကောင်စီတပ် အင် အား ၂၀ နီးပါးဟာ ရငဲကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့တဲ့ ဒေသခံ အမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်ဆီးသွားတဲ့ ဒေသခံ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မနက် ၁၀ နာရီလောက်မှာပဲ ကျေးရွာအပြင်ဘက် ဘုန်းကြီးကျောင်းအနီးမှာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိနေတာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ဦးဟာ ကိုဖြိုးငယ်ဇော်နဲ့ကိုပိုင်ဖြိုးတို့ဖြစ်ပြီး တစ်ဦးက ဘုန်းကြီးကျောင်းသားဖြစ်သလို ကျန်တစ်ဦးက ရော်ဘာအစေးခြစ်လုပ်သားဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သေဆုံးသွားရဲ့ ရုပ်အလောင်းတွေကိုတော့ ရွာသားတွေက မိသားစုဝင်တွေထံ ပြန်လည်ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း အောက်သရက်ချောင်းကျေးရွာထဲ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့ရဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းဒေသ ကြီးထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း အရပ်သား ၃၆၀ ကျော် သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...