အစိုးရ စစ်တပ်က နွားကုန်သည် များထံ ငွေကောက်ခံ

အစိုးရ စစ်တပ်က နွားကုန်သည် များထံ ငွေကောက်ခံ
by -
ခိုနူမ်းထုန်
ရိဒ်ခေါ်ဒါရ်(ချင်းပြည်နယ်) - ဇူလိုင် (၇) - ယခုတလော အစိုးရစစ်တပ်က နွားကုန်သည်များ ထံ ငွေကောက် ခံနေကြောင်း ပြည်တွင်းပြည် သူများထံမှ ကြားသိ ရသည်။  ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က အိန္ဒိယ – မြန်မာ နယ်စပ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ် မြို့သစ် အခြေစိုက် ခလရ ၂၆၈ မှ တပ်ကြပ်ကြီး မျိုးမြင့်၊ ဒုတိယ တပ်ကြပ် အာစိန်၊ တပ်သား ကျော်ဦးတို့သည် တီးနယ်မြို့နယ် နယ်စပ်ရွာ Tui Sen Phai တွင် နွားကုန်သည် တဦးထံမှ နွားကောင်ရေ ၂၀ အတွက် ကျပ်ငွေ သိန်း ၂၀ ကောက်ခံသွားသည်။

နွားကုန်သည် Mang Siang Mung သည် စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အဆိုပါ နွား အကောင် ၂၀ ကို ၀ယ်ယူပြီး တဖက်မီဇိုရမ်သို့ ရောင်းချရန် ဆွဲယူလာစဉ် ယခုကဲ့သို့ စစ်တပ်က ငွေကောက်ခံခြင်းဖြစ်ပြီး အမြတ်ငွေ ရရှိတော့မှ မဟုတ်ကြောင်း ဒေသခံတဦးက ပြောသည်။

” ပေါက်စျေးအရ တွက်ယင် သူ့မှာ အမြတ်ကျန်မှာ မဟုတ်ဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

နွားကုန်သည်များသည် နွားရောင်းရာတွင် အနည်းဆုံး တလ လောက်ကြာမှ အဆိုပါ ရင်းငွေများ ပြန်လည်ရရှိ လေ့ရှိကြသည်။ အကြောင်းမှာ နွားကို လက်ငင်းငွေချေ စနစ် မဟုတ်ပဲ နွားသတ်ဒိုင်များထံ အပ်ပြီး အသားပေါ်ပြီးမှ ငွေချေလေ့ရှိကြသည်။

အလားတူ  အစိုးရ စစ်တပ်က နွားကုန်သည်များထံမှ ငွေကောက်မှုများ ယခင်ကလည်း ရှိခဲ့သည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...