မစ္စတာ ဆာဆာကာဝါ ရခိုင်သို့ ရောက်ရှိနေ

မစ္စတာ ဆာဆာကာဝါ ရခိုင်သို့ ရောက်ရှိနေ

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ဖေဖော်ဝါရီလ ၄ ရက်တွင် ရခိုင်သို့ရောက်ရှိနေပြီး စစ်ဘေးရှောင်စခန်းများသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်များအတွက် အဝတ်အထည်များပေးခဲ့ကြောင်း သိရသည်။

မစ္စတာ ဆာဆာကာဝါနှင့် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စုစုပေါင်းလူဦးရေ ၁၃ ဦးခန့်သည် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း တိမ်ညိုစခန်းတာဝန်ခံ ဦးစိုးနိုင်က DMG ကို ပြောသည်။

“စစ်ဘေးရှောင်တစ်ယောက်ကို အနွေးထည်တစ်လုံးစီ ပေးခဲ့ပါတယ်။ နေရပ်ပြန်ဖို့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြောခဲ့တာတော့ မရှိပါဘူး။ တိမ်ညိုစခန်းက ထွက်တာနဲ့ မြောက်ဦးက နေရာနှစ်ခုကို ဝင်မယ်လို့သိရပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး အပစ်ရပ်စဲခဲ့သည်မှာ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့်ဖြစ်သည်ဟု AA က ပြောဆိုထားသည်။ ၎င်းသည် ရခိုင်ပြည် ငြိမ်းချမ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးရာတွင် ထင်ရှားသူလည်း ဖြစ်သည်။

မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရခိုင်ပြည်မြောက်ပိုင်းမှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း မစ္စတာ ဆာဆာကာဝါသည် ရခိုင်သို့ရောက်ရှိခဲ့ကာ IDP စခန်းများသို့ သွားရောက်လေ့လာခဲ့သည်။

မစ္စတာ ဆာဆာကာဝါ၏ ယခုရခိုင်ပြည်ခရီးစဉ်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်ကိုပြန်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

မစ္စတာ ဆာဆာကာဝါ လာရောက်သည့်ခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...