စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် တနိုင်းမြို့က စက်သုံးဆီဆိုင်အများစု ပိတ်ထားရ

စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် တနိုင်းမြို့က စက်သုံးဆီဆိုင်အများစု ပိတ်ထားရ

စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ခံထားရဆဲဖြစ်တာကြောင့် တနိုင်းမြို့က စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိတနိုင်းမြို့မှာ ဓာတ်ဆီတစ်ဂါလံကို ၂၀၀၀၀ လောက်ပေးဝယ်နေရပြီး လိုအပ်သလောက် မရရှိတော့တဲ့အပြင် စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ပင်ထားကြပြီလို့ တနိုင်းဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ စက်သုံးဆီမရလို့ ဆိုင်အားလုံးပိတ်သွားပြီ။တစ်ဂါလံမှာ ၂၀၀၀၀ လောက်နဲ့ဝယ်သုံးရတယ်။ ဒါတောင်မရဘူး။ အားလုံးပိတ်သလောက်ရှိသွားပြီ။” လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီက စက်သုံးဆီသယ်ယူခွင့်တွေ တင်းကြပ်လိုက်တဲ့နောက်ပိုင်း စက်သုံးဆီတွေအပြင် အခြားသော ကုန်စည်ပစ္စည်းတွေလည်း ဈေးမြင့်တက်ကုန်တယ်လို့ နောက်ထပ် တနိုင်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ တခြားကုန်ဈေးတွေလည်း အားလုံးတက်တယ်။ ကုန်ခြောက်ကအစ ဆန်တွေ အဝတ်အထည်တွေလည်း ပုံမှန်ထက်တော့ နှစ်ဆတောင်မကဘူး သုံးဆလောက်တက်သွားတယ်။ ဒီအတောအတွင်းဘက်မှာပေါ့။”

စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရရှိတဲ့အတွက် လယ်ယာလုပ်ငန်းတွေနဲ့ အခြားလုပ်ငန်းတွေမှာ အခက်အခဲကြုံတွေ့ရတာတွေရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မြစ်ကြီးနား တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က စစ်ကောင်စီဂိတ်တွေမှာ ဇန်နဝါရီလ (၁၀) ရက်နေ့ကတည်းကနေ စက်သုံးဆီနဲ့ ဆန်သယ်ယူခွင့်တွေကို လက်ရှိအချိန်ထိ တင်းကြပ်ထားတာဖြစ်ပါတယ်။

ရှဒူးဇွပ်ကျေးရွာအတွင်းက ရွှေတူးဖော်သူတွေကို မှော်ထဲကထွက်သွားဖို့နဲ့ ဓာတ်ဆီတွေမသိုလှောင်ဖို့ ဇန်နဝါရီလဆန်းပိုင်းလောက်မှာ ကေအိုင်အေက ထုတ်ပြန်စာထုတ်ပြီးတဲ့နောက်ပိုင်း ရှဒူးဇွပ်ပြည်သူ့စစ်ဘက်ကလည်း မှော်သွားလမ်းတွေကိုပိတ်ဆို့တာနဲ့ စက်သုံးဆီသယ်ယူခွင့်တွေတင်းကြပ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...