“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး “အဆိုပါရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (၄၅) နှစ် နှင့် ၎င်း၏သားများဖြစ်ကြသည့် ကိုမင်းခန့်ကျော် (၂၀) နှစ်၊ ကိုမင်းဇော် (၁၈) နှစ်တို့သည် နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းစန်းဝင်းပါ ၃ ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုရှာဖွေကြည့်တဲ့အခါ “စစ်ကိုင်းတိုင်း၊ တမူးမြို့စောဘွားအင်းရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်အချိန်က ကင်းလှည့်နေတဲ့ ပျူစောထီးတွေက လူနေရပ်ကွက်ထဲ ပစ်ခတ်ရာကဒေသခံ ပြည်သူသုံးဦးကျည်ထိပြီး ဒဏ်ရာတွေရခဲ့တယ်လို့ တမူးမြို့ခံတွေဆီကသိရပါတယ်။” DeltaNewsAgency သတင်းဌာနမှာဖော်ပြထားပါတယ်။

https://bit.ly/3kUuEy9

တမူးမြို့ ဒေသခံတစ်ဦးက "အဲ့ဘက်က ပျူစောထီးပိုများတဲ့နေရာပေါ့ဗျာ၊ မြို့အနေနဲ့ဆို၊ညနေမိုးချုပ်တာနဲ့အပြင်မထွက်ကြတော့ဘူး၊ ညအ ပေါ့သွားချင်လို့ အိမ်ထဲကနေထွက်တာမှာ ပျူစောထီးတွေက လှန့်ပြီးပစ်တဲ့သဘောပဲ" လို့ပြောပါတယ်။

အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ ဒေသခံတဦးကို ပျူစောထီးတွေက ပစ်ခတ်လို့ထိမှန်ခဲ့တဲ့အပြင် သေနတ်သံ ကြားလို့ အိမ်အပြင်ဘက် ပြေးထွက်လာတဲ့ အမျိုးသားနှစ်ဦးလည်း ထပ်ပြီး အပစ်ခံရကာ ကျည်ထိဒဏ်ရာ တွေရခဲ့ကြတာလို့ ဆိုပါတယ်။

"သားအဖတွေလို့ပြောကြတယ်၊ဘယ်သူကအရင်ထွက်ပြီးဘယ်သူကအရင်မှန်တယ်တော့မသိဘူး" လို့ မြို့ခံတဦးကဆိုပါတယ်။

တမူးမြို့စောဘွားအင်းရပ်ကွက်ဟာ ပျူစောထီးတွေစိုးမိုးထားတဲ့နေရာဖြစ်ပြီး သွားလာသူတွေကိုစစ်ဆေးတာ၊ ညကင်းလှည့်တာတွေကိုအမြဲလုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒါကြောင့် ယိမ်းနွဲ့ပါး အကောင့်မှာ ရေးသားဖော်ပြထားသလို “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...