“NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်” ဆိုတဲ့သတင်းအမှား

“NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို အမွှေစိန် မျိုးချစ်မြန်မာဆိုတဲ့ အကောင့်ကနေပြီး  “NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်..ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့နော် ကိုယ်တွေကတော့ နစကကြီး ဘယ်ဘဝရောက်ရောက် ထူးအယ်လ်လင်းဘဲဟေ့ မျိုးချစ်တွေကရော” လို့ရေသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက “ ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး တစ်လောကလုံး စစ်ကောင်စီကလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာ။ NUG အနေနဲ့ စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို ပါဝင်မယ်ဆိုရင် ဟာသဖြစ်သွားလိမ်မယ်။ လုံဝမဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်။” လို့ပြောပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲအတွက် စစ်ကောင်စီက တအိမ်တက်ဆင်း  လူဦးရေစာရင်းကောက်ယူနေမှုကိုလည်း ပြည်သူလူထုအနေနဲ့ ငြင်းဆန်ပြီး မပူးပေါင်းကြဖို့ NUG ကမေတ္တာရပ်ထားပါသည်။

ဒါကြောင့်  “NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်”ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...