KIO က ရှမ်းနီအမျိုးသမီးတွေကို ခရစ်ယာန် ဇာတ်သွင်းတဲ့ ပွဲ ကျင်းပတယ်လို့ သတင်းမှားဖြန့်

KIO က ရှမ်းနီအမျိုးသမီးတွေကို ခရစ်ယာန် ဇာတ်သွင်းတဲ့ ပွဲ ကျင်းပတယ်လို့ သတင်းမှားဖြန့်

KIO စစ်သားတွေက ဗုဒ္ဒဘာသာဝင် ရှမ်းနီအမျိုးသမီးတွေကို ခရစ်ယာန်ဘာသာဝင်ဖြစ်အောင် ဇာတ်သွင်းတဲ့ ပွဲတစ်ခုကို လိုင်ဇာမှာ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို Kyaw Win Maung ဆိုတဲ့ တယ်လီဂရမ် ချယ်နယ် က ဇန်နဝါရီလ ၂၁ ရက်နေ့က တင်ထားပါတယ်။

ကချင်တိုင်းရင်းသားတွေ လက်ထက်ပွဲလုပ်နေတဲ့ ဓာတ်ပုံကို အသုံးပြုပြီး “ဗုဒ္ဓဘာသာဝင် ရှမ်းနီအမျိုးသမီး များ အား KIO အဖွဲ့မှ အိုနာကျိုးကန်းများက မဲစနစ်နဲ့ သိမ်းယူပြီး ခရစ်ယန်ဇာတ်သွင်းပွဲတစ်ခုကို အကြမ်းဖက် KIO အဖွဲထိမ်းချုပ်ရာ လိုင်ဇာမြိုမှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသား ထားပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူရှေ့ဘုရားရှေ့မှာ လက် ထပ်ထိမ်းမြားတာတွေ မလုပ်ရသေးတဲ့ မသန်စွမ်း KIO မိသားစုတွေကို KIO က ကမကထလုပ်ပြီး ပြန်လည် လက်ထပ်ထိမ်းမြှားပေးခဲ့တဲ့ ပွဲကို KIO က ရှမ်းနီ အမျိုးသမီးတွေကို ခရစ်ယာန်ဘာသာဝင်ဖြစ်အောင် ဇာတ်သွင်း တဲ့ပွဲ ဆိုပြီးတော့ လုပ်ကြံရေးသားထားပါတယ်။

ဒါ့အပြင် ပုံမှန် ခရစ်ယာန် လက်ထက်ပွဲတစ်ခုကို ထိလွယ်ရှလွယ်ပြီး လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ် စေတဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ကချင်နဲ့ ရှမ်းနီ လူမျိုးတွေကို ရန်တိုက်ဖို့ ဝါဒဖြန့် ရေးသားထားလို့ပဲ ဖြစ်ပါ တယ်။

လက်ထက်ထိမ်းမြားဖို့ ငွေကြေးမတတ်နိုင်တဲ့ မသန်စွမ်း KIO စုံတွဲ ၆ တွဲကို  KIO က ကမကထပြုလုပ်ပြီး လက် ထပ် ထိမ်းမြားပေးခဲ့တယ်ဆိုတဲ့ အကြောင်းကို ဧရာဝတီသတင်းဌာနက ဓာတ်ပုံနဲ့တကွ ရေးသားထားတဲ့ သတင်း ကို ဒီမှာ https://bit.ly/3HCxmRq ဝင်ဖတ်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်လိုက်တဲ့အခါအမှာ Kyaw Win Maung ဆိုတဲ့ တယ်လီဂရမ် ချယ် နယ်က ဗုဒ္ဓဘာသာဝင်တွေက ကချင်လူမျိုးတွေကို မုန်းတီးအောင်၊ ရှမ်းနီလူမျိုးတွေကလည်း ကချင်လူမျိုးတွေ ကို နာကျည်းမုန်းတီးအောင်၊ လူမျိုးနှစ်ခုကြားမှာ ပဋိပက္ခဖြစ်အောင်၊ အတူတကွ ယှဉ်တွဲ မနေထိုင်နိုင်အောင် ဆို တဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီး ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...