ရေးမြို့တွင် ပျူစောထီးဆိုသူ ၂ ဦးအား ရေးဘီလူးမှ ပစ်သတ်

ရေးမြို့တွင် ပျူစောထီးဆိုသူ ၂ ဦးအား ရေးဘီလူးမှ ပစ်သတ်

မွန်ပြည်နယ်၊ ရေးမြို့နယ် ဝယ်ဇင်ကျေးရွာတွင် ပျူစောထီးဆိုသူ နှစ်ဦးအား ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃နာရီခွဲဝန်းကျင်တွင် ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သာသနာအမှတ်တံဆိပ်ပါသည့်ကားဖြင့် ရေးဘီလူးသတင်းများ စုံစမ်းရန်လာသည့် မောင်ဝင်းစိုးထွေးနှင့် ရွှေသာမှ မူးယစ်ဆေးရောင်းသည့် အမျိုးသားတစ်ဦး မောင်းလာသည့်ကားအား ဝယ်ဇင်ကျေးရွာအကျော်နားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ နှစ်ဦးစလုံး နေရာတွင် သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကို ပြောသည်။

“စစ်ကောင်စီက ဒီကောင်တွေကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ်။ အဲ့လို လုပ်ပိုင်ခွင့်ပေးထားတော့ ဒီကောင်တွေက ရေးမြို့နယ်အနီးက ရွာတွေမှာ သေနတ်ထောက်ပြီး ဆိုင်ကယ်တွေဘာတွေလုတယ်။ နောက်ပြီးတော့ သူတို့မှာ ငွေရေးကြေးရေးပြတ်လာလို့ရှိရင် ဆိုင်ကယ်တားပြီး ပိုက်ဆံယူသွားတာမျိုးရှိတယ်။ ကျနော့်ကိုတော့ တိုင်နေတာ ကြာပြီ။ သတင်းအတိအကျမရလို့ လိုက်လုပ်ရအဆင်မပြေလို့သာ ဒီကောင်တွေလွတ်နေတာ။ အခုတော့ ဒီကောင်တွေ ကျနော်တို့ လက်ထဲကို ရောက်သွားတာပေါ့” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ ပျူစောထီးဆိုသူ နှစ်ဦးမှာ မူးယစ်ဆေးဝါးများရောင်းကာ စစ်ကောင်စီတပ်မှ ရေးဘီလူးအဖွဲ့၏သတင်းများအား စုံစမ်းခိုင်းနေကြောင်းနှင့် ဘုန်းကြီးကားဖြင့် လှုပ်ရှားမှု ပြုလုပ်ကြောင်း ၎င်းက ဆက်ဆိုသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသားနှစ်ဦးမှ မောင်းပြန်အတို နှစ်လက်၊ ကျည် ၁၆ တောင့်၊ ဖုန်း တစ်လုံး အပါအဝင် WY ဆေးပြား ငါးလုံး ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ရေးဘီလူးအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရေးမြို့၊ နန္ဒာလမ်းမကြီး၌ နယ်ထိန်းရဲ ဟိန်းသူရကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...