မိုးညှင်းမြို့တွင် စစ်ကောင်စီမှ မော်တော်ယာဉ်လိုင်စင် အကြောင်းပြ စစ်ဆေးဖမ်းဆီးစစ်ဆေးခြင်းများအားယခုရက်ပိုင်းအတွင်း ပြန်လည်လုပ်ဆောင်နေ

မိုးညှင်းမြို့တွင် စစ်ကောင်စီမှ မော်တော်ယာဉ်လိုင်စင် အကြောင်းပြ စစ်ဆေးဖမ်းဆီးစစ်ဆေးခြင်းများအားယခုရက်ပိုင်းအတွင်း ပြန်လည်လုပ်ဆောင်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စစ်ကောင်စီက မော်တော်ယာဉ်လိုင်စင် အကြောင်းပြပြီး စစ်ဆေးဖမ်းဆီးတာတွေကို အခုရက်ပိုင်းအတွင်း ပြန်လည်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီ (၁၅) ရက်နေ့က စပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့ ကားတွေကို ယာဉ်လိုင်စင်အကြောင်းပြ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၆) ရက်နေ့နောက်ပိုင်းမှာတော့ ဖမ်းဆီးတာတွေ မရှိတော့ပေမယ့် အခုရက်ပိုင်းအတွင်းတော့ ရှောင်တခင် စစ်ဆေး ဖမ်းဆီးတာတွေ ပြန်လည်ပြုလုပ်လာတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“နှစ်ရက်သုံးရက်လောက်နားလိုက် ပြန်ဖမ်းလိုက် အဲဒီလို ဖြစ်နေတာ။ တစ်ရက်ကို တစ်နေရာစီ။ တစ်ခါတလေကျရင်လည်း တစ်ရက်ကို နှစ်နေရာ သုံးနေရာ ရွှေ့ပြီးဖမ်းတယ်။ မနက်ပိုင်းကို အုတ်ကျင်းကျောင်းနားဆို နေ့လယ်ပိုင်းလောက်ဆို တခြားဘက်ပေါ့။ အဲဒီလိုမျိုးဖမ်းတာ ရွှေ့ပြီးတော့။” လို့ဆိုပါတယ်။

ဒါ့အပြင် ယာဉ်လိုင်စင်အကြောင်းပြ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ထဲ သယ်ယူသွားပြီးရင်တော့ ပြန်ရွေးယူလို့ မရတော့ပေမယ့် ဖမ်းဆီးတဲ့နေရာမှာ စစ်ကောင်စီတပ်သားတွေက ပိုက်ဆံ နှစ်သောင်းကနေ ခြောက်သောင်းအထိ တောင်းခံပြီး ပြန်လွှတ်ပေးတာတွေတော့ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဖမ်းဆီးထားတဲ့ဆိုင်ကယ်ကို ပိုက်ဆံနှစ်သိန်းနဲ့ ပြန်လည်ရွေးယူဖို့ ပြောဆိုခဲ့ပြီးနောက် စစ်တပ်ထဲ သွားရောက်ရွေးယူတဲ့အခါ ပိုက်ဆံယူပြီး ဆိုင်ကယ်ကိုမပေးဘဲ ပြန်လွှတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ကားတွေကိုတော့ ပြန်လွှတ်ပေးတာမရှိသလို လက်ရှိအချိန်ထိလည်း ပြန်လည်ရွေးယူခိုင်းတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...