အမျိုးသမီး CDM ဝန်ထမ်းတွေကို လိင်လုပ်သား အဖြစ် အဓမ္မစေခိုင်းဟု သတင်းမှား ဖြန့်

အမျိုးသမီး CDM ဝန်ထမ်းတွေကို လိင်လုပ်သား အဖြစ် အဓမ္မစေခိုင်းဟု သတင်းမှား ဖြန့်

CDM လုပ်တဲ့ အမျိုးသမီး ဝန်ထမ်းတချို့ကို NUG နဲ့ KNU က တော်လှန်ရေး ရန်ပုံငွေအတွက်ဆိုပြီး လိင်လုပ်သား အဖြစ် အတင်းအဓမ္မ စေခိုင်းနေတယ်ဆိုတဲ့ သတင်းအမှား တစ်ခုကို စစ်တောင်းသစ္စာ ဆိုတဲ့ တယ်လီဂရမ် အကောင့်ကနေ ဇန္နဝါရီလ ၁၈ ရက်နေ့က တင်ထားပါတယ်။

CDM ဝန်ထမ်း အမျိုးသမီးတွေက မလုပ်ချင်ပဲ ငြင်းလို့ရှိရင်လည်း နောက်တစ်ရက်မှာ အသတ်ခံရတယ်ဆိုပြီး လည်း ရေးသားထားပါတယ်။

“ယခုရက်ပိုင်းအတွင်း NUG အကြမ်းဖက် အဖွဲများအတွက် ရန်ပုံငွေရှာသူများမှ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မည့် ပြည်သူများထံမှ ငွေလိမ်လည်မှုများလုပ်ဆောင်နေပြီး CDM များကိုလည်း လိင်လုပ်သားအဖြစ် လုပ်ခိုင်းနေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာ အခုလိုထည့်သွင်း ရေးသားထားတာပါ။

စစ်တောင်းသစ္စာဆိုသူက “NUG လက်အောက်ခံအဖွဲတွေနဲ့ KNUနဲ့ပေါင်းပြီး လူကုန်ကူးမှုတွေ ဆက်တိုက်ကျူး လွန်နေ ပါတယ်။ ထိုင်းဘက်ခြမ်းရောက်သွားတဲ့ ပြည်သူအချိုဆိုရင် ထိုင်းရဲတွေရဲ့ဖမိးဆီးခြင်းတွေပါ ဆက် တိုက်ဆိုသလို ခံနေရပါတယ်။ ဒါတင်မကသေးပါဘူး CDM လုပ်ကြတဲ့ ၀န်းထမ်းအချိုထဲမှ မိန်းကလေးငယ် များကို  လည်း တော်လှန်ရေး ရန်ပုံငွေအတွက်ဆိုကာ လိင်မှုကိစ္စဖျော်ဖြေရန်အတွက် နယ်စပ်မှာ စေခိုင်းထား ပါတယ်။အဆိုပါမိန်းကလေးများဟာ ငြင်းဆန်ခွင့်မရှိဘဲ လုပ်ဆောင်နေရပြီး အလုပ်ကိုငြင်းဆန် လိုက်ပါက နောက်ရက်မှာ အသတ်ခံခိုက်ကြရပါတယ်။ ဒါ့အပြင် NUGနဲ့ KNU အဖွဲ့ဟာ Media တွေ မဖွရဲအောင် ငွေအား  ပိတ်ထားပါတယ်။ ပြည်သူတွေဒုက္ခရောက်ချိန်မှာ ကားအကောင်းစားကြီးစီးရမှာကြောက်တယ်လို ပြောခဲ့တဲ့ အန်တီရေ ... အန်တီ သား သမီးတွေကတော့ ပြည်သူတွေကိုပါ ရောင်စားပြီး ဖာလုပ်ခိုင်းနေပြီဗျ” ဟု ရေးသား ထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NUG နဲ့ KNU က လူကုန် ကူးမှုတွေကို လုပ်ဆောင်နေတာ မရှိသလို CDM လုပ်တဲ့ အမျိုးသမီးတွေကိုလည်း လိင်လုပ်သားအဖြစ် အတင်း အဓမ္မစေခိုင်းတာ မရှိလို့ပဲ ဖြစ်ပါတယ်။

NUG နဲ့ KNU က လူကုန်ကူးမှုနဲ့ CDM အမျိုးသမီးတွေကို လိင်လုပ်သားအဖြစ် အတင်းအဓမ္မ စေခိုင်းတာ မှန် တယ်ဆိုရင် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီး အဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုမှုတွေ ကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုလာကြမှာ ဖြစ်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြောဆိုလာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဘာပြောဆိုသံမှ မကြားရပါဘူး။

ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ မြန်မာသတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေကလည်း သတင်းရေးသား ထုတ်လွှင့်ကြတာကို မတွေရသလို နယ်စပ်တစ်လျှောက်က လူမှု့အသိုင်းအဝိုင်းတွေအကြားမှာလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှပြောဆိုသံတွေ မကြားရပါဘူး။

NUG နဲ့ KNU တို့က လူကုန်ကူးတယ်။ CDM အမျိုးသမီးတွေကို လိင်လုပ်သားအဖြစ် အတင်းအဓမ္မခိုင်းစေတယ် ဆိုတဲ့ သတင်းအမှားကို အခုဖြန့်ဝေနေသလိုမျိုး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းကလည်း သတင်းဌာနတွေက လူ ကုန်ကူးတယ် အမျိုးသမီးတွေကို ဇိမ်ခန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေမှာ အတင်းအလုပ်လုပ်ခိုင်းတယ်ဆိုတဲ့ သတင်းအမှားကို စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းအမှားဖြန့်ဝေသူတွေက ဖြန့်ဝေခဲ့ဖူးပါတယ်။

သတင်းဌာနတွေက လူကုန်ကူးတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း သတင်းနှင့် မီဒီယာကွန်ရက် - NMG က စိစစ်ထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3DedhhL ဝင်ဖတ်လို့ရပါတယ်။

ဒါ့အပြင် အဲဒီသတင်းအမှားတွေနဲ့ အလားတူ PDF လုပ်မယ့်သူတွေကို ခေါ်လာပြီး တစ်ဖက်နိုင်ငံကို ရောင်းစား လိုက်တယ်ဆိုတဲ့ သတင်းတစ်ခုကို စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းအမှား ဖြန့်ဝေသူတွေက ၂၀၂၁ ခုနှစ် နိုဝင် ဘာလ အတွင်းမှာ ဖြန့်ဝေခဲ့ကြပြီး အဲဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း သတင်းနှင့် မီဒီယာကွန်ရက် -NMG က စိစစ်ထားတာကို ဒီမှာ https://bit.ly/3Jb3TiL ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ စစ်တောင်းသစ္စာ ဆိုသူက NUG နဲ့ KNU တို့ကို ပြည်သူ တွေအထင်အမြင်လွဲအောင် အပုပ်ချချင်တဲ့ စိတ်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန်တီး ရေးသားထားတဲ့ သတင်း အမှားသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...