မြစ်ကြီးနားမြို့တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား ပြန်လည်ဖမ်းဆီးနေ

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား ပြန်လည်ဖမ်းဆီးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဥ်ထိန်းရဲတွေ စုပေါင်းပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ ပြန်လည်ပြုလုပ်နေပါတယ်။

ဇန်နဝါရီလ(၂၁) ရက်နေ့ မနက်ပိုင်းကနေစတင်ပြီး ဗလမင်းထင်တံတားအပေါ်နဲ့ အောက်လမ်းမှာ ကားနဲ့ဆိုင်ကယ်တွေ ဖမ်းဆီးနေပြီး တံတားဖြတ်မယ့်သူတွေကို အဓိကထားဖမ်းဆီးနေတယ်လို့ စီတာပူရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

" ကျွန်မက အင်ဂျန်ဒုံကနေပြန်လာတာ။ တံတားကုန်းဆင်းမှာ ဖမ်းတာလားဆိုပြီး ကြောက်နေတာ။ တံတားဖြတ်မယ့်သူတွေကို စစ်နေတာ။ ဆိုင်ကယ်လည်းဖမ်းတယ်။ကားကတော့ သူတို့လိုချင်တာ ရွေးဖမ်းတာထင်တယ်"

ဖမ်းဆီးတဲ့အချိန် အခြားဧဒင်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်ကြား ရထားသံလမ်းနားအနီးနဲ့ အထက ( ၁ ) ကျောင်းရှေ့တွေမှာလည်း စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားတယ်လို့လည်း အခြားဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း စစ်ကောင်စီကနေ မြစ်ကြီးနားမြို့အတွင်းလိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို မကြာခဏ ဖမ်းဆီးခဲ့ပြီး အခုနှစ်မှာတော့ ပထမဆုံးအနေနဲ့ ဇန်နဝါရီလ (၂၁) ရက်နေ့က စတင်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...