ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား KIA၊PDFတို့ ပူးပေါင်းတိုက်ခိုက်ဟုဆို

ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား KIA၊PDFတို့ ပူးပေါင်းတိုက်ခိုက်ဟုဆို
ဖာကန့်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ။ ပုံဟောင်းဖြစ်ပါသည်။
ဖာကန့်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ။ ပုံဟောင်းဖြစ်ပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ယူမာရပ်ကွက်က Ever Winnerကုမ္ပဏီဝင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့KIAတို့ ပူးပေါင်းပြီး ဒီကနေ့မနက်(၅)နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

အဲဒီကုမ္ပဏီဝင်းမှာ စစ်ကောင်စီတပ်သား အင်အား(၃၀)ဝန်းကျင်လောက် သွားရောက်တပ်စွဲနေတာ (၂)လလောက်ရှိနေပြီ ဖြစ်ပြီး ဒီကနေ့မနက်မှာ တော့KIAပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ ဒီကနေ့မနက် နာရီဝက်လောက် အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ရှိရာ ဆန်းကြွယ်ကုန်း၊ ကျောက်သွေးတောင် အစရှိတဲ့ နေရာတွေဘက်ကလည်း လက်နက်တွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ယူမာEver Winnerဝင်းထဲမှာ စကစတွေ စခန်းချထိုင်တာကြာပြီ။ တပ်ခွဲလေးတွေ၊ တပ်စုလေးတွေ နေမှာပေါ့။ အဲဒီလို ပြောကြတာပေါ့လေ။ အဲဒါကို PDFနဲ့KIAတွေ ဝင်ပစ်တယ်လို့ ပြောကြတာပဲ အရပ်သတင်းအရတော့” လို့ ဒေသခံက ဆိုပါတယ်။

ဒီကနေ့မနက် ယူမာEver Winnerကုမ္ပဏီဝင်းမှာ နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်ကြတာ မှန်ကန်တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း အတည်ပြုပါတယ်။

ပစ်ခတ်မှုကြောင့် နှစ်ဖက်တပ် ထိခိုက်မှုအခြေအနေတော့ မသိရှိရသေးပါဘူး။

အခုရက်ပိုင်း ဖားကန့်မြို့အနှံ့လိုလို လက်နက်သံတွေ ကြားနေရတဲ့အပြင် စစ်ကောင်စီတပ်တွေကနေ နေ့ရော၊ ညပါ ကားတွေနဲ့ ကင်းလှည့်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...