လွိုင်ကော်လောပိတ အမှတ်(၁)စက်ရုံမှ ဓာတ်အားပေးပို့သည့် တာဝါတိုင် မိုင်းခွဲခံရ

လွိုင်ကော်လောပိတ အမှတ်(၁)စက်ရုံမှ ဓာတ်အားပေးပို့သည့် တာဝါတိုင် မိုင်းခွဲခံရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတ အမှတ် (၁) စက်ရုံမှတစ်ဆင့်  ဓာတ်အားပေးပို့ သော တာဝါတိုင်တစ်ခု ဇန်နဝါရီလ ၂၁ ရက်နေ့  ည ၉ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးခွဲခံရကြောင်း သိရ သည်။

အဆိုပါ လျှပ်စစ်တာဝါတိုင်သည် လောပိတ အမှတ်(၁)စက်ရုံမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များ သို့ ဓာတ်အားပေးပို့နေသည့်တာဝါတိုင်ဖြစ်ပြီး မည်သည့်အဖွဲ့ကပြုလုပ်သည်ကို မသိရသေးပေ။

မိုင်းခွဲခံရသည့် လျှပ်စစ်တာဝါတိုင်သည် စောခွီဒေါကျေးရွာနှင့် ဝါရီကောခူရွာကြားရှိ တာဝါတိုင်ဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ဖောက်ခွဲသွားသည်ကို မသိရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အသံက အကျယ်ကြီးပဲ။ ည ၉ နာရီခွဲဝန်းကျင်ကျော် အချိန်လောက်ဖြစ်မယ်၊ မိုင်းခွဲလိုက်တာမျိုးထင် တယ်။ မနက်ထကြည့်မှ တာဝါတိုင်ကြီးတစ်ခုလဲနေတာတွေ့ရတယ်။ ဘယ်အဖွဲ့က လာခွဲလိုက်လည်း မသိဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လောပိတစက်ရုံမှတစ်ဆင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ ဓာတ်အားပေးပို့နေသည့် တာဝါ တိုင်များ မကြာခဏ မိုင်းခွဲခံရခြင်းရှိသည်ဟုလည်း သိရှိရသည်။

စာတည်း။    ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။  ။စောဖေ

Most read this week

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...