KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ..... KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး ဆိုတဲ့သတင်းအမှား

KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ..... KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ရွှေမဲခေါင်ဆိုတဲ့အကောင့်ကနေပြီး “KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ..... KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး.... နယ်ဒါးမြ၊ တာဘော၊ စောကျော်သက်နဲ့ အယ်စေးဝါးတို့လို အဖွဲ့တွေက မွေးဖွားပေးခဲ့တဲ့ ကျားဖြူ၊ နဂါးဖြူနဲ့ ဂျပ်စတစ်ဆိုးဂျားတို့လို PDF အဖွဲ့တွေကလည်း သူတလူ ငါတမင်းနဲ့ မင်းမူနေကြပြီ.... တနေ့ထက်တနေ့ အဖျက်အမှောက်လုပ်ငန်းတွေ ပိုပိုလုပ်လာတယ် အတင့်ရဲလာတယ်....”လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်.... အဲဒီတော့ KNU ဗဟို အနေနဲ့ ဘယ်လိုတွေတာဝန်ခံပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အောက်ကအဖွဲ့တွေကို ထိန်းသိမ်းသွားမှာလဲ ?” လို့ဖော်ပြထားတာဖြစ်ပါတယ်။

ဒါအပြင် “အောက်ကအဖွဲ့တွေရဲ့ လုပ်ချင်တိုင်း လုပ်နေတာတွေကို တာဝန်ခံဖို့ KNU ဗဟိုမှာ တာဝန်ရှိတယ်ဆိုတာ မေ့ထားလို့မရဘူးနော်.... အဲဒီတော့ ရှေ့လျှောက် KNU ဗဟိုက ဘယ်လိုမျိုးတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားကို ရောက်လာပါပြီ” လို့ဖော်ပြထားပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်စောင့်ကြည့်လေ့လာသူတစ်ဦက “ဒါကသတင်းအမှားပါ အစိတ်စိတ်အမွှာမွှာကွဲတယ်ဆိုတာ အဖွဲ့တွေကိုမထိန်းနိုင်ဖြစ်နေတယ်ဆိုတာတွေကမဟုတ်ပါဘူး။” လို့ပြောပါတယ်။ သတင်းအမှားမှာဖော်ပြထားသလို “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်.” ဆိုတာနဲ့ပတ်သက်ပြီး  "တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ ၁၉ လောက်ကစပြီး အခုထက်ထိပဲ။ ၇ တိုင်တံတားကတော့ ဒီဇင် ဘာလ ၂၃ ရက်နေ့ စစ်တပ် ဘက်က ပစ်ခတ်လို့ မိုင်းထိသွားတယ်။ ဆိုင်ကယ်နဲ့ကားလေးတွေ ဖြတ်သန်းလို့ရပေမယ့် ကားကြီးတွေ မခံနိုင်လောက်ဘူးထင်တယ်" လို့ ဒေသပြည်သူတစ်ဦးက‌ ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...