“မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်အနီးတွင် PDF ပဒက်ကင် ၁ ကင်ရရှိ” ဆိုတဲ့သတင်းအမှား

“မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်အနီးတွင် PDF ပဒက်ကင် ၁ ကင်ရရှိ” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို 52 News ဆိုတဲ့အကောင့်ကနေပြီး “မနေ့က (ဒီဇင်ဘာ ၁၆ ရက်) ည ၇နာရီခန့်တွင် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက်အနီးတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းမှုများဆောင်ရွက်လျက်ရာ ပြစ်မကျေးရွာဘက်မှ မောင်းနှင်လာသော မသင်္ကာဖွယ်ရာဆိုင်ကယ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသောကြောင့် လုံခြုံရေးပူပေါင်းအဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အထောက်အထားများနှင့်တကွ PDF ပဒက်ကင် ၁ ကင်ရရှိခဲ့ကြောင်းသိရှိရပါသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အခုလိုပစ်သတ်ခံရသူမှာ မတူပီမြို့နယ် ဇိုးတုန်နယ် တိန်ဆီးကျေးရွာမှာနေထိုင်တဲ့ ဆလိုင်းရွှေဘီလျန်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဂန့်ဂေါ်မြို့က အဒေါ်ဖြစ်သူထံအသွားမှာ အမှတ် (၁) ဂန့်ဂေါ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဆွေမျိုးနီးစပ်သူတစ်ဉီးက “သူကသာမန်ပြည်သူတစ်ယောက်ပါ သူအဒေါ်ဆီကိုသွားလည်တာ အဲ့ဒါနဲ့ KPK ဆီဆိုင်ကို ဆိုင်ကယ်ဆီထည့်ဖို့ ဂန့်ဂေါ်မြို့အဝင် အမှတ်(၁) စစ်ဆေးရေးဂိတ်ကို ဖြတ်သွားတဲ့ခါ ပစ်သတ်ခံရတာ”လို့ပြောပါတယ်။ စစ်ကောင်စီဘက်က စွပ်စွဲထားသလို ဆလိုင်းရွှေဘီလျန်ဟာ PDF တပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ပြီး ဂန့်ဂေါ်မြို့က သူ့အဒေါ်ဆီအလည်သွားရာမှာ အကြောင်းမဲ့ ပစ်သတ်ခံရတာဖြစ်ပါတယ်။

52 News မှာဖော်ပြထားသလို ဆလိုင်းရွှေဘိလျန်ဟာ PDF တစ်ဦးမဟုတ်ဘဲ သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...