အမျိုးသမီးအဖွဲ့များက ပဋိပက္ခဖန်တီးသူများအား ရှုတ်ချ

အမျိုးသမီးအဖွဲ့များက ပဋိပက္ခဖန်တီးသူများအား ရှုတ်ချ
by -
သတင်းနှင့် မီဒီယာကွန်ရက်
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှောက်ယှက်ဟန့်တားနေသည့် ပဋိပက္ခများအား ပိုမို ကြီးထွားလာစေရန် ဖန်တီးနေသူများ၏ လုပ်ရပ်များ အားလုံးကို အမျိုးသမီးများအဖွဲ့ချုပ် WLB (မြန်မာနိုင်ငံ) မှ အပြင်းအထန်ကန့်ကွက် ရှုတ်ချလိုက်သည်။ “အဓိကကတော့ ကျမတို့ မြန်မာပြည်မှာ ပဋိပက္ခပေါင်းစုံဖြစ်တယ် ဥပမာဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ ဆိုလို့ရှိရင်တော့ လူမှုအသိုင်းအဝိုင်းကြားထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခပေါ့လေ ဆိုတော့ အဲလိုပဋိပက္ခတွေကို ကျမတို့တွေက ဘယ်သူပဲ ကျူးလွန်ကျူးလွန် ကျမတို့ကတော့ ဒီလိုအကြမ်းဖက်မှုတွေ ရှိနေတယ် ဆိုလို့ရှိရင် ကျမတို့က ရှုတ်ချတယ်။” ဟု အမျိုးသမီးများ အဖွဲ့ချုပ် WLB (မြန်မာနိုင်ငံ) မှ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောသည်။ ယင်းသည် ရခိုုင်ပဋိပက္ခတစ်ခုတည်းကိုု ရည်ရွယ်ခြင်းမဟုုတ်ကြောင်းလည်း ဆက်ပြောသည်။ “ပြောချင်တာက ရခိုင်ဒေသသာမကဘူး ဥပမာအခုဆိုလို့ရှိရင် ရှမ်းပြည်နယ် ကချင်ပြည်ဖက်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသည် ကျူးလွန်တဲ့ သူတွေကိုလည်း ကျူးလွန်မှုတွေကိုလည်း ကျမတို့က ရှုတ်ချတယ်ကန့်ကွက်တယ်” အမျိုးသမီးအဖွဲ့ချုပ် WLB (မြန်မာနိုင်ငံ) မှ စက်တင်ဘာလ ၂၁ ရက် ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် လက်နက်ကိုင်ပဋိပက္ခများ၊ လူမှုအသိုင်းအဝို်င်း များအကြားပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပဋိပက္ခများ ပိုမို ကြီးထွားလာစေရန် ဖန်တီးနေသူများ အားလုံးနှင့် ၎င်းတို့၏ လုပ်ရပ်များအားလုံးကို အမျိုးသမီးများအဖွဲ့ချုပ် WLB (မြန်မာနိုင်ငံ) မှ အပြင်းအထန်ရှုံ့ချပြီး ထိုသူများကိုလည်း ထိရောက်စွာ အပြစ်ပေးအရေးယူရန် အလေးအနက် တောင်းဆိုထားသည်။ ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများသည် ထိလွယ်ရှလွယ်သည့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေပြီး တချိန်တည်းမှာပင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကြံုတွေ့ နေရကာ စစ်ဘေးဒုက္ခသည်များ ပိုမိုများပြားလာသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် အရပ်သား ပြည်သူလူထုတို့၏ အသက်အိုးအိမ်များ ဆုံးရှုံးနစ်နာသည်သာမက လူမှုအသိုင်းအဝိုင်းများအကြား မုန်းတီးမှုများနှင့် ကြောက်ရွံ့မှုများလည်း ဖြစ်ပေါ်နေပြီး ဤအကြမ်းဖက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော် နေမှုများကို ထိရောက်မှန်ကန်စွာ ဖြေရှင်းခြင်းမရှိပါက အခြားဒေသများသို့ ကူးစက်ပျံ့နှံ့သွားမည်ကို မိမိတို့ အဖွဲ့ချုပ်မှ လွန်စွာ စိုးရိမ်မိပါသည် ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။။ စက်တင်ဘာလ ၂၁ ရက်နေ့သည် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ဟု ပြောဆိုနေကြသော်လည်း မြန်မာနိုင်ငံအ တွင်းတွင် စစ်ပွဲများ ရပ်တန့်နိုင်ခြင်း မရှိသေးပဲ ဆက်လက်ဖြစ်ပွားနေသည့်အတွက် စစ်ပွဲများရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ ပါ၀င်ခွင့် ပိုမိုရရှိရန် လိုလားကြောင်း လွေးပိုးငယ် က ယခုလို ဆက်ပြောသည်။ “ကျမတို့ နိုင်ငံက ကျမတို့ လိုလားနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးက အခုအချိန်အထိ မရသေးဘူးပေါ့လေ။ အဲလို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ကျမတို့က အဲလို စစ်ပွဲတွေ ရပ်တန့်ဖို့ အတွက် တောင်းဆိုတာတွေ ရှိတယ်။ ပြီးလို့ရှိရင် no women no peace ဆိုပြီးတော့မှ ငြိမ်းချမ်းရေးကို လိုလားတဲ့ အတွက်ကြောင့်မို့လို့ အမျိုးသမီးတွေ ပါ၀င်မှသာ လျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ကျမတို့က ယုံကြည်တယ်။” အမျိုးသမီးများအဖွဲ့ချုပ် WLB (မြန်မာနိုင်ငံ)မှ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးတို့ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးအရ ဆွေးနွေးဖော်ဆောင်သွား ရန် တိုက်တွန်းထားသည်။ ထို့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြားတွင် ဒုက္ခရောက်နေကြသည့် အပြစ်မဲ့ ပြည်သူများအတွက် လုံလောက်သည့် လူသားချင်းစာနာထောက်ထားသည့် အ ထောက်အပံ့များ ထိရောက်စွာ ပံ့ပိုပေးသွားရန်လိုအပ်ပြီး ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများကိုလည်း ပိတ်ပင်တားဆီးခြင်းမရှိပဲ ၎င်းတို့၏ လိုအပ်ချက်များကို သက်ဆိုင်ရာ အစိုးရမှ ပံပိုးကူညီသွားရန် လိုအပ်သည်ဟု လွေးပိုးငယ် က ပြောသည်။
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...