မြစ်ကြီးနားမြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး (Passport) ရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထား

မြစ်ကြီးနားမြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး (Passport) ရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး (Passport) ရုံးမှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတာကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ရုံးနဲ့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

အဲဒီရုံးကို ဇန်နဝါရီလ အစောပိုင်းကတည်းက စပိတ်ခဲ့တာဖြစ်ပြီး ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ ကြေညာထားတာလည်း မရှိသေးဘူးလို့ အဲဒီရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ ပိတ်တာ ကြာသွားပြီ နှစ်ပတ်လောက်ရှိပြီ။ ၁၆ ရက်နေ့ဖွင့်ပြီဆိုပြီး အပြင်မှာ သတင်းပဲ ပြန့်တာ။ ကျနော်တို့က နေ့တိုင်း Passport ရုံးသွားနေတာလေ မဖွင့်သေးဘူး လောလောဆယ်။” လို့ဆိုပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လုပ်ဖို့ စတင်ပြင်ဆင်ခဲ့တဲ့ ဒီလအစောပိုင်းကနေ နိုင်ငံအနှံ့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွေကိုလည်း ပိတ်ထားပြီး လာမယ့် ဖေဖော်ဝါရီလလောက်မှ ပြန်ဖွင့်နိုင်မယ့် အခြေနေမှာရှိတယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

မြစ်ကြီးနားမြို့က Passport ရုံးမှာ စာအုပ်ပြုလုပ်ဖို့လာကြတဲ့ လူဦးရေမှာ နေ့စဉ် ရာနဲ့ချီရှိပြီး မနက် (၃) နာရီ လောက်ကတည်းကနေ သွားရောက်နေရာယူ တန်းစီကြရတာလည်း ဖြစ်ပါတယ်။

အာဏာမသိမ်းခင်က နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်ဖို့အတွက် လေးသောင်းဝန်းကျင်သာ ကုန်ကျခဲ့တဲ့ အခြေနေဟာ အာဏာသိမ်းပြီးနောက် ခြောက်သောင်းကနေ တစ်သိန်း ကျော်အထိ ကုန်ကျတာတွေ ရှိတယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...