အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာက ရွှေဖြူအထွက်များသည့် မှော်အသစ်ဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးနေ

အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာက ရွှေဖြူအထွက်များသည့် မှော်အသစ်ဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးနေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာက ရွှေဖြူအထွက်များတဲ့ မှော်အသစ်ဘက်မှာ အခုအပတ်အတွင်း စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့နေရာရဲ့ အနောက်ဘက်က ရွှေမှော်အသစ်ဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ ရွှေတူးဖော်တဲ့နေရာအနီးမှာ စခန်းချနေထိုင်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ အခုဒီတစ်ပတ်အတောအတွင်းကို တော်တော်လေးရှုပ်နေတယ်။ ရွာနဲ့မနီးမဝေး ရွှေကျင်းလုပ်တဲ့နားလေးမှာပဲ သူတို့စခန်းချထားတယ်။ မမုံကိုင်မှာလည်း စစ်ကြောင်းထိုးတယ်လို့ကြားတယ်။” လို့ ဆိုပါတယ်။

တစ်လဝန်းကျင်လောက်သာရှိသေးတဲ့ အဲဒီရွှေမှော်သစ်မှာ ရွှေဖြူအထွက်များပြီးတော့ လူစည်ကားသလို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

“ အခုဒီမိုင်းနောင်မှာ စစ်ကြောင်းထိုးတာရှိနေတယ်။ အဲမှာက ရွှေဖြူမှော်စည်လာတာပေါ့နော်။ အနောက်ဘက်မှာ ။ အဲတော့ ဒီမိုင်းနောင်မှာ သူတို့ စခန်းထိုင်ချင်တာလားဆိုပြီးမှ ပြောနေကြတယ်။”

စစ်ကြောင်းထိုးမှုတွေအပြင် မိုင်းနောင်နဲ့ နမ့်မွန်းတောင်ထိပ်ကနေ လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိလာတယ်လို့လည်း သိရပါတယ်။

စစ်ကြောင်းထိုးမှုတွေကြောင့် ရွှေတူးဖော်တာတွေရပ်နားနေတယ်လို့ ကြားသိရပြီး မမုံကိုင်ကျေးရွာဘက်မှာလည်း စစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...