သံတောင်တွင် စစ်ကောင်စီက လူငယ်များအား ပစ်မှတ်ထားစစ်ဆေးဖမ်းဆီးနေ

သံတောင်တွင် စစ်ကောင်စီက လူငယ်များအား ပစ်မှတ်ထားစစ်ဆေးဖမ်းဆီးနေ

ကရင်ပြည်နယ်၊ သံတောင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ယခင်နှစ် ဒီဇင်ဘာလမှ စတင် ကာ ဒေသတွင်းရှိ လူငယ်များအား စောင့်ကြည့်၍ မသင်္ကာဖွယ်ရာတွေ့ရှိပါက အမေးအမြန်းမရှိဖမ်းဆီး နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

တောင်ငူ-သံတောင် ၁၃ မိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၇)ရက်နေ့က လူငယ်တစ်ဦးအား ၎င်း၏ ရာဘာခြံအတွင်း လူငယ်များဝှက်ထားပေးသည်ဟူသောစွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်များက နေအိမ်သို့ဝင်ရောက်၍ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “နေ့လည်ဘက်လောက်က သူ့အိမ်ကိုဝင်ပြီးဖမ်းဆီးပါတယ်။ ပြီးတော့ ကြိုးနဲ့တုပ်ပြီး သေနတ်နဲ့ ရိုက်တယ်။ ရစရာမရှိအောင် ထိုးကြိတ်၊ ခြေထောက်နဲ့ကန်ပြီး တရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ နောက်တော့ သူ့ရာဘာခြံကိုသွားစစ်ကြတယ်။ အခုတော့ သူ့ကိုပြန်လွှတ်ပေးလိုက်ပြီ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့တုန်းကလည်း သံတောင်မြို့ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီတပ်များက ကင်းလှည့်ရင်း စစ်ဆေးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကြားသိရသဖြင့် ရပ်မိရပ်ဖများက ပြန်လွှတ်ပေးရန်ညှိနှိုင်းတောင်းဆိုခဲ့ကြပြီး အဆိုပါနေ့ ညပိုင်းတွင်ပြန် လွှတ်ပေးခဲ့သော်လည်း ရိုက်နှက်စစ်ဆေးထားသဖြင့် ဒဏ်ရာများစွာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဖမ်းဆီးခံရတဲ့လူငယ်ရဲ့မိခင်က အကူအညီတောင်းလို့ ရပ်မိရပ်ဖတွေ သက်ဆိုင်ရာကို လိုက်သွားကြ တယ်။ ဖုန်းစစ်တာ ဖုန်းထဲမှာမသင်္ကာစရာတွေ့လို့ ပြောတယ်။ လက်ရှိ ဒီကိုရောက်နေတဲ့ စစ်တပ်က ကြမ်းတယ်။ ရိုင်းလည်းရိုင်းတယ်။ လိုက်ထုတ်ပေးတဲ့ ရပ်မိရပ်ဖတွေနဲ့ အသင်းတော်က ဆရာတော် တွေကို ရင့်ရင့်သီးသီးပြောတာ။ သူကဒီမြို့အကြောင်း အကုန်စုံစမ်းထားတယ်တဲ့။ သူတာဝန်ယူရတဲ့ ကာလမှာ သူ့ရဲဘော်တွေမှဲ့တစ်ပေါက်မစွန်းစေရဘူး။ အသံတွေထွက်လာရင်တော့ မြို့ကိုဗုံးကြဲချမှာဆိုပြီး ခြိမ်းခြောက်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်းတွင် တောင်ငူ-သံတောင်လမ်း၊ တောင်ငူ-လိပ်သိုလမ်းတောက်လျှောက်ရှိ စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းများတွင်လည်း စစ်ကောင်စီတပ်များက မှတ်ပုံတင်စစ်ခြင်း၊ ဖုန်းစစ်ခြင်းများ ပိုမိုလုပ်ဆောင်လာကြပြီး ဒေသခံပြည်သူများ၏ အကြောက်တရားကိုအခွင့်အရေးယူ၍ ရိုင်းစိုင်းကြမ်းတမ်းစွာဆက်ဆံကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် နှစ်နိုဝင်ဘာလတွင် သံတောင်ကြီးမြို့၊ သံမိုးတောင်ကျေးရွာတပ်စခန်းရှိ စစ်ကောင်စီ တပ်များနှင့် သံတောင်မြောက်ပိုင်း အထူးဒေသကာကွယ်ရေးတပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရသေးသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...