ရခိုင်တွင် ယခင်နှစ်က ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၈၀ ကျော်သေဆုံးပြီး ၁၉၀ ကျော်ဒဏ်ရာရ

ရခိုင်တွင် ယခင်နှစ်က ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၈၀ ကျော်သေဆုံးပြီး ၁၉၀ ကျော်ဒဏ်ရာရ

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၄၉ မှုအထိဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၄ ဦးနှင့်  ဒဏ်ရာရရှိသူ ၁၉၂ ဦး အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

၂၀၂၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၁၇ ဦးရှိပြီး ဒဏ်ရာရရှိသူ အမျိုးသား ၁၅၃ ဦး၊ အမျိုးသမီး ၃၉ ဦး ရှိခဲ့သည်။

ပြီးခဲ့သည်နှစ်က သံတွဲမြို့နယ်တွင် ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားခဲ့သည်။ လူနေထူထပ်ခြင်း၊ ခရီးသွားဧည့်သည် လာရောက်မှုများပြားခြင်း၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အမှတ်(၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှုး ရဲမှုးသက်နိုင်ဦးက DMG သို့ ဖြေကြားထားသည်။

ယာဉ်မတော်တဆ ဖြစ်ပွားမှုတိုင်းမှာ အရက်သေစာ အလွန်အကျွံသောက်စားပြီး မောင်းနှင်ကြသည်ကို တွေ့ရှိရသည့်အတွက် ယာဉ်များကို ဆင်ဆင်ခြင်ခြင် မောင်းနှင်ကြရန်လိုအပ်ကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ထောက်ပြပြောဆိုကြသည်။

စစ်တွေအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက “ကျနော်တို့ ယာဉ်တိုက်မှုတွေကို ကူညီကယ်ဆယ်ဖို့ သွားရောက်တဲ့အခါမှာ အများစုကတော့ သောက်စားမူးယစ်ပြီး ဖြစ်တာကိုတွေ့ရတယ်။  သောက်စားပြီး ဆိုင်ကယ်တွေကို မဆင်မခြင်မောင်းတာကြောင့် ဖြစ်ကြတယ်။ သူတို့မောင်းတဲ့အရှိန်နှုန်းကို သူတို့မထိန်းနိုင်တော့ ဓာတ်တိုင်တွေကို ဝင်တိုက်တာတွေဖြစ်သွားတယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်းမှ တချို့မြို့များတွင် ယနေ့အချိန်ထိ မီးပွိုင့်များ တပ်ဆင်ခြင်း မရှိသေးပေ။ မီးပွိုင့်များရှိသော မြို့များတွင်လည်း မီးပျက်ချိန် မီးပွိုင့်များ ရပ်တန့်သွားသည့်အခါမျိုးတွင် ယာဉ်ထိန်းရဲများ မရှိသဖြင့် ယာဉ်မောင်းနှင်သူများမှာ နားလည်မှုဖြင့် သွားလာနေရမှုများလည်း ရှိနေသည်။

ထို့ကြောင့် မကြာခဏဆိုသလို လျှပ်စစ်မီး အချိန်အကြာမြင့်စွာ ပြတ်တောက်ချိန်များတွင် မီးပွိုင့်များမှာ ဘတ္ထရီများတပ်ဆင်ပြီး လုပ်ဆောင်မည်ဆိုပါက ယာဉ်တိုက်မှုလည်း လျော့နည်းလာနိုင်သည်ဟု စစ်တွေဒေသခံ ကိုမျိုးမြတ်ခိုင်က ပြောသည်။

“မီးပွိုင့်တွေမှာ မီးပျက်တဲ့အချိန်ဆို သိပ်မလွယ်ကူပါဘူး။ ဆိုင်ကယ်တွေ၊ ကားတွေ တစ်စီးနဲ့တစ်စီး သွားရတာက သိပ်အဆင်မပြေပါဘူး။ နားလည်မှုတွေနဲ့ သွားလာနေကြရတယ်။ မိန်းကလေးတွေအတွက်လည်း အရမ်းအန္တရာယ်ရှိတယ်။  မီးပျက်တဲ့အချိန် မီးပွိုင့်တွေမှာ ဘတ္တရီတွေ အသုံးပြုစေချင်ပါတယ်။ အသုံးမပြုနိုင်ရင်တောင် တာဝန်ရှိသူတွေက မီးပွိုင့်ရှိတဲ့နေရာတွေမှာ နေပြီးတော့ စည်းကမ်းတကျ လုပ်ဆောင်ပေးမယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ကျနော်ထင်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်တွင် ၂၀၂၁ ခုနှစ်အတွင်းက ယာဉ်မတော်တဆအမှုပေါင်း ၂၈၃ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၂၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၈၃ ဦးအထိရှိခဲ့သည်။  ၂၀၂၂ ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၁၄၀ ကျော် ဖြစ်ပွားခဲ့သဖြင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယဉ်ပါက ၂၀၂၂ ခုနှစ်မှာ ယာဉ်မတော်ဆမှု ၃၃ မှု လျော့နည်းသွားကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းအရ တွေ့ရသည်။

လက်ရှိယာဉ်တိုက်မှုများမှာ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကောက်ယူပြုထားသော စာရင်းသာဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုများနိုင်သည်။

ယာဉ်မတော်တဆမှု လျော့နည်းလာရေးနှင့် ပတ်သက်၍  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောမှုများကို ယခုနှစ်အစောပိုင်းမှစတင်ကာ လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။

ပုံစာ - ၂၀၂၂ ခုနှစ်အတွင်း စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု။/ ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...