ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု အရပ်သားထိခိုက်မှုရှိနေ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု အရပ်သားထိခိုက်မှုရှိနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၃ရက်၊ နံ နက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကုန်းမှ တဆင့်အချက်ရေ (၈)ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြော သည်။

“ဒီမနက် ၈ နာရီလောက်မှာ အလယ်ရွာမှာ တိုက်ပွဲဖြစ်တယ်။ ရွာထဲကို လက်နက်ကြီးထုနေတာ ၈ ချက်လောက်ရှိနေပြီး။ အလယ်ရွာမှာရှိတဲ့ နေအိမ်တွေလည်းဝင်မွှေသွားသေးတယ်။ ပြီးတော့ KNU ဂိတ်ကိုလည်း မီးရှို့သွားတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံတားဦးကျေးရွာတွင် စစ်ကောင် စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံးနှင့် ဒေသခံပြည်သူ(၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

သူက “မနေ့က နေ့လည် (၁၁) နာရီမှာ စကစတွေ လက်နက်ကြီးနဲ့ပစ်တာ။ တံတားဦး ကျေးရွာမှာ ကျနော့်ကျောင်းနေဖက် သူငယ်ချင်း အိမ်ထိသွားတယ်။ သူ့အဖွားရယ် သူ့အဖေရော သူ့အမေရောထိသွားတယ်။ အခုမော်လမြိုင် ဆေးရုံမှာရောက်သွားပြီ။ စိုးရိမ်စရာတော့မရှိတော့ဘူးတဲ့။ ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသေးသောကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် အနီးအနားဝန်းကျင်ရှိ ကျေးရွာ(၅)ရွာခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

“အခုလက်ရှိရှောင်နေတာကတော့ ၅ ရွာ လောက်ရှိတယ်။ အခြေအနေကတော့ ငြိမ်နေတယ်။ စပြေးတာကတော့ ညနေက တည်းကပဲ။ ရဲဘော်တွေအလယ်ရွာရောက်တော့ စကစတွ ပြေးကြကုန်တာ”ဟု နောက်ထပ် ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြာမြင့်လာသည့်နှင့်အမျှ ကြာအင်းဆိပ်ကြီး မြို့အနီးအနား ကျေးရွာများရှိ ဒေသခံပြည်သူများအနေဖြင့် စစ်ဘေးရှောင်ကြရသည့်အပြင် လုပ်ကိုင်စား သောက်ရန် ခက်ခဲလာ၍ စားဝတ်နေရေး အခက်အခဲများနှင့်လည်းရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရသည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...