ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်ရှိ Happy KTV အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး ငွေသားနှင့်ပစ္စည်းများ ယူဆောင်သွား

ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်ရှိ Happy KTV အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး ငွေသားနှင့်ပစ္စည်းများ ယူဆောင်သွား

ကချင်ပြည်နယ်၊ဖားကန့်မြို့ နယ် ၊ ဆိပ်မူကျေးရွာ ၊ ယူမာရပ်ကွက်မှာရှိတဲ့ Happy KTV ကို မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ငွေသားနဲ့ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေက မနေ့ည ၁၀ နာရီလောက်က Happy KTV ကိုဝင်ရောက် စီးနင်းခဲ့ပြီးတော့ ငွေသား ၊ ဖုန်းနဲ့ ကျောက်စိမ်းတွေကို ယူဆောင်ပြီး မနက် ၆ နာရီလောက်မှ အဲဒီ KTV ကနေ ထွက်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကောင်တာက ပိုက်ဆံတွေရော ၊ အဲဒီ KTV က ကောင်မလေးတွေရဲ့ ဖုန်းတွေရော သူများကျောက်အောင်လို့ ပွဲလာခံတဲ့ ကျောက်တွေရော ပိုက်ဆံတွေရော အကုန်လုံးယူသွားတာ။ ပြီးတော့ အဲဒီလိုလုပ်ပြီးမှ ညကြီး သီချင်းတွေဆို ကဲပြီးမှ မနက် ၆ နာရီခွဲ လောက်မှ ထွက်သွားတာ။” လို့ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ လူလာရှာတဲ့ ပုံစံနဲ့ ရောက်လာပြီး ဖမ်းဆီးဖို့လာတဲ့သူကို မတွေ့တဲ့အခါ အဲဒီ KTV က မန်နေဂျာကို ခေါင်းပေါ်လက်တင်ခိုင်းထားကာ ပိုက်ဆံတွေနဲ့ ဖုန်းတွေကို သိမ်းယူသွားခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ယူမာရပ်ကွက် အနီးဝန်းကျင်မှာလည်း မနေ့ညပိုင်းက စစ်ေကာင်စီတပ်ဖွဲ့ဝင်တွ ကင်းပုန်းချထားတာတွေ ရှိခဲ့တယ်လို့လည်း နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲဒီကို ဝင်မွှေတယ်။ စစ်တယ်လို့ ပြောတာပဲ။ သူတို့လိုချင်တဲ့သူ ဝင်ရှာတဲ့ သဘောနေမှာ။ ညတုန်းကလည်း တပ်ဖြန့်ထားတယ်။ ကင်းပုန်းတွေဝပ်ထားတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းလုပ်ကွက်တွေနဲ့ ကုမ္ပဏီတွေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာတွေ ရှိခဲ့ပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...