စစ်သုံးပစ္စည်းများနှင့် အတူ အမျိုးသားတစ်ဦး ဖမ်းခံရ

စစ်သုံးပစ္စည်းများနှင့် အတူ အမျိုးသားတစ်ဦး ဖမ်းခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မှာကြားဝယ်ယူထားသည် ဟု ဆိုသော စစ်သုံးပစ္စည်းများနှင့်အတူ အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ က ကော့သောင်းတွင် ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရဲများ သိမ်းဆည်းသွားသည့် ဂျပ်ဖာပုံးအတွင်းမှ ပစ္စတို သေနတ် တစ်လက်၊ ကျည်အတောင့် ၅၀၊ စကားပြော စက် ၆ လုံး၊ အီကွေမင့်များနှင့် စစ်ယူနီဖောင်းများကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၇ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က ကော့သောင်းမှ ထားဝယ်မြို့သို့ ပြေးဆွဲမည့် ခရီးသည်တင် ယာဉ် တစ်စီးကို ငွေလရိပ်ကားဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲများက ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပြီးနောက် စက္ကူ ဂျပ်ဖာတလုံးကို သိမ်းဆည်းကာ ပိုင်ရှင်ဖြစ်သူကိုလည်း ရိုက်နှက်ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ကားဂိတ်အနီး ဆိုင်ကယ်ကယ်ရီ မောင်းနေသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “သတင်းရလို့ပဲ ဖြစ် မယ်။ စစ်သားတွေရော ရဲတွေပါ ကားမထွက်ခင် ရောက်လာပြီး ကားပတ်လည် ဝိုင်းထားပြီးမှ ရှာတာ။ အဖမ်းခံ ရတဲ့သူက အသက် ၃၀ လောက် လူလတ်ပိုင်းအရွယ်ပါ” ဟု ပြောသည်။

ကော့သောင်းမြို့ပေါ်က နေရာအနှံ့တွင် ဇန္နဝါရီလ အစမှ စတင်ကာ ယခုရက်ပိုင်းအထိ ဆိုင်ကယ်များအား ယာဉ် မောင်းလိုင်စင်၊ ဆိုင်ကယ်စီးဦးထုပ်၊ နောက်ကြည့်မှန်၊ ကညန နံပါတ်ပြား နှင့် ရောင်ပြန်ပြား ပါမပါ စစ်ဆေးကာ ဖမ်းဆီးခြင်းများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အတူ ယာဉ်ထိန်းရဲများက ပြုလုပ်လျက် ရှိနေသည်ဟု ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ညက ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး စန်းမော်အောင် ဆိုသူ သေနတ်ဖြင့် ပစ် ခတ်ခံရကာ သေဆုံးသွားခဲ့ပြီးနောက်တွင် ဆိုင်ကယ်များကို ဖမ်းဆီး ငွေညှစ်ခြင်းများ လုပ်ဆောင်နေသည်ကို ရပ် နားထားခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှ ပြန်လည်ဖမ်းဆီးမှုများ ရှိလာခြင်း ဖြစ်သည်ဟု ဆိုင်ကယ် ကယ်ရီ မောင်းနှင် နေ သူများက ပြောသည်။

ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...