မင်းပြားတွင် ဒိုင်းနက်(ခ)သက္ကမ အမျိုးသားနေ့ကျင်းပ

မင်းပြားတွင် ဒိုင်းနက်(ခ)သက္ကမ အမျိုးသားနေ့ကျင်းပ
မင်းပြားမြို့နယ် လက်ပံကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒိုင်းနက်အမျိုးသားနေ့ မြင်ကွင်းများ/ ဓာတ်ပုံ - ပေးပို့
မင်းပြားမြို့နယ် လက်ပံကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒိုင်းနက်အမျိုးသားနေ့ မြင်ကွင်းများ/ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် ၁၂ ကြိမ်မြောက် ဒိုင်းနက်(ခေါ်) သက္ကမ အမျိုးသားနေ့ကို ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

တိမ်မြုပ်ပျောက်ကွယ်လာနေသည့်  ၎င်းတို့၏ စာပေနှင့်ယဉ်ကျေးမှုများ ပြန်ပေါ်လာအောင် ရည်ရွယ်ပြီး ဒိုင်းနက်(ခ)သက္ကမ စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဆရာတော် အသျှင် ဇောတိပါလက “ရိုးရာယဉ်ကျေးမှု စာပေ၊ ဂီတ၊ သမိုင်းတွေ တိမ်မြုပ်ပျောက်ကွယ်နေပြီဆိုပြီး စာပေယဉ်ကျေးမှုသမိုင်းတွေ အမျိုးသားနေ့တစ်ဆင့် ပေါ်လာအောင် စုရုံးပြီး လုပ်ကြတာဖြစ်ပါတယ်”ဟု မိန့်ကြားသည်။

အမျိုးသားနေ့ပွဲကို ရခိုင်ပြည် မောင်တော၊ စစ်တွေ၊ မင်းပြားနှင့် မြောက်ဦး စသည့် မြို့နယ်များမှ ဒိုင်းနက်လူမျိုးများ၊ တခြားဒေသခံများအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒိုင်းနက်လူမျိုးများမှာ နိုင်ငံရေးအကျပ်အတည်းများကြားတွင် လှုမှုရေး၊ စီးပွား‌ရေး၊ ပညာရေး စသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ဆရာတော်ကမိန့်ကြားသည်။

“တကျော့ပြန် တိုက်ပွဲကာလတုန်းက မောင်တောဘက်မှာ လက်နက်ကိုင် မွတ်ဆလင်တွေလည်း ရှိနေတဲ့အခါ အဲဒီက အိမ်ခြေ ၂၀၀ ခန့်က ရွာသားတွေက  မနေနိုင်တော့ဘူး။ ရန်ကုန်ပြောင်းမယ် ဆိုပြီးတော့ လုပ်နေကြပြီ။ ဒုက္ခသည်ဘဝနဲ့ ရန်ကုန်မှာ အခြေချမယ်ဆိုပြီးတော့ အဲလိုအခြေအနေတွေ ကြုံနေရတာတွေရှိတယ်”ဟု ဆရာတော်က မိန့်ဆိုသည်။

မနေ့ညကလည်း အမျိုးသားနေ့အကြိုအဖြစ် သူတို့၏ ရိုးရာအကလှများဖြင့် ဖြေဖျော်ခြင်း၊ သမိုင်းကြောင်းဆိုင်ရာ ပြောဆိုဆွေးနွေးပွဲများ ပြုခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို တက်ရောက်ခဲ့သူ မြောက်ဦးမြို့နယ်မှ မနုအေးဝင်းက “ကိုယ့်လူမျိုးတွေ တိုးတက်ရာတိုးတက်ကြောင်း၊ စာပေယဉ်ကျေးမှု ဟောပြောပွဲတွေလည်း လုပ်ကြတော့ အားပေးကူညီတဲ့အနေနဲ့ ဒိုင်းနက်အမျိုးသမီးတစ်ဦးအဖြစ်နဲ့ပါ တက်ကိုတက်ရောက်ရမယ်ဆိုတဲ့စိတ်နဲ့ လာခဲ့တာပါ။ ကိုယ့်လူမျိုးဆွေမျိုးတွေအားလုံးကို ပွဲမှာ တစ်စုတစည်းတည်း တွေ့ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိပါတယ်”ဟု DMG ကိုပြောသည်။

ရခိုင်ပြည်တွင် ဒိုင်းနက်(ခေါ်)သက္ကမ လူဉီးရေ ၅၀,၀၀၀ ခန့်ရှိနေပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များတွင် လယ်ယာ၊ ကိုင်းကျွန်း လုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်ကြကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...