နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှု ရပ်နားကြောင်း ချင်းမိုင်ကောင်စစ်ဝန်ရုံး ထုတ်ပြန်

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှု ရပ်နားကြောင်း ချင်းမိုင်ကောင်စစ်ဝန်ရုံး ထုတ်ပြန်

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စတွေကို ဒီနေ့ ဇန်နဝါရီလ(၅) ရက်နေ့ကစပြီး ခေတ္တရပ်နားထားမယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာကောင်စစ် ဝန်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။

မူလရက်ချိန်းရရှိထားသူတွေကတော့ လက်မှတ်ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ အချက်အလက်တွေ ကို ရယူထားဖို့ ရက်ချိန်းတွေအတိုင်းလာရောက်နိုင်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံကူးလက်မှတ်တွေထုတ်ပေးဖို့ ဘယ်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးမယ်ဆိုတာ အတိအကျဖော်ပြ ထားတာမရှိဘဲ ထပ်မံ အသိပေးမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန််နဝါရီလ(၂) ရက်နေ့က ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးတာကို နည်းပညာအဆင့်မြှင့်တင်ဖို့ဆိုပြီး ရက်အကန့်အသတ်မရှိပိတ်ထား ပါသေးတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို အရင်က အွန်လိုင်း Booking စနစ်နဲ့ ရန်ကုန်ရုံးမှာ လျှောက်ထားရပေမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ ရပ်နားခဲ့ပြီး Booking QR Code ရရှိထားသူတွေကိုသာ ဆက်လက်လုပ်ဆောင်ပေးသွားတော့မှာဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက အသိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျောင်းတက်နေသူတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်ပေးတာနဲ့ သက်တမ်းတိုးတာတွေကို နေရာသုံးနေရာခွဲပြီး လုပ်ပေးနေတာဖြစ်ပြီး အဲဒီထဲမှာ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးလဲ အပါအဝင်ဖြစ်ပါတယ်။

July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...