မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့ကြား စစ်သုံ့ပန်းများ လှဲလှယ်

မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့ကြား စစ်သုံ့ပန်းများ လှဲလှယ်

မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့သည် နှစ်ဖက်လုံးမှဖမ်းဆီးခဲ့ကြသည့် စစ်သုံ့ပန်းများကို ဇန်နဝါရီလ ၃ ရက်နေ့က လှဲလှယ်ခဲ့ကြကြောင်း ခိုင်လုံသောသတင်းရင်းမြစ်များထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးနှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၃ ဦးတို့ဖြင့် စစ်သုံ့ပန်းလှဲလှယ်ခြင်းကို ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ(ရွာသစ်)နှင့် ကွမ်းတောင်ကျေးရွာကြားတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ခိုင်လုံသောသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“AA ဖက်က အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက လွှတ်ပေးခဲ့တယ်။ AA ဖက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အပြန်အလှန်လွှတ်ပေးခဲ့ကြတယ်။ ပဒေသာရွာသစ်အနီးမှာ အပြန်အလှန် လွှတ်ပေးခဲ့ကြတာပါ”ဟု ၎င်းကဆိုသည်။

ထိုသို့ သုံ့ပန်းလှဲလှယ်ခြင်းကို မြင်တွေ့လိုက်သည့် ကွမ်းတောင်ကျေးရွာသား တစ်ဦးကလည်း “အဲဒီနေ့ နံနက်ပိုင်းက စစ်ကား ၃ စီးနဲ့လာပြီးတော့ ပဒေသာကျေးရွာနားမှာ လှဲလှယ်မှု လုပ်ခဲ့တာပါ။ လွှတ်ပေးခဲ့တဲ့ အထဲမှာ AA အရာရှိ တစ်ယောက်ပါတယ်။ AA ဖက်ကတော့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင် ၃ ယောက်ကို လွှတ်ပေးခဲ့တာလို့ သိရတယ်”ဟု ပြောသည်။

သုံ့ပန်းများလှဲလှယ်ရာတွင် မြန်မာစစ်တပ်မှ အင်အား ၃၀ ခန့်က ကား ၃ စီးဖြင့်လာရောက်ခဲ့ကာ ရက္ခိုင့်တပ်တော်(AA)မှ အင်အား ၄၀ ခန့်ပါဝင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများကပြောသည်။

ထိုသို့ အပြန်အလှန်လွှတ်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

ယမန့်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၈ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသူများ မပါဝင်ခဲ့ပေ။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...