ဖားကန့် ထွေအုပ်ရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိ

ဖားကန့် ထွေအုပ်ရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်ရှိ စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရမှုကြောင့်  ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် KIA နှင့် PDF အဖွဲ့တို့က လက်နက်ကြီး ၄၀ မမ ရှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဖားကန့် ဒေသခံ PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

“မနက်အစောပိုင်းက ပစ်ခတ်ခံလိုက်ရတာဟုတ်တယ်။ ထွေအုပ်ရုံးမှာ လူစုနေတဲ့အချိန်ကို သွားပစ်ထည့်လိုက်တာဟုတ်တယ်။ ရဲတွေ ၅ ယောက်လောက်က ထိခိုက် သေဆုံးမှုရှိခဲ့တယ်”ဟု ပြောဆိုသည်။

ဖားကန့် အထွေအုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် ထွေအုပ်ရုံး အဆောက်အဦးတစ်ချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့တွင်းနေရာများတွင် အင်းအားအလုံးအရင်းဖြင့် လိုက်လံစစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖားကန့်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ နေရာများတွင် ပေါက်ကွဲခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

May 26, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသဘက်တွင် မြေရှားသတ္တုတူးဖော်ရန် KIO...
May 26, 2026
မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုဦးတည်တဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင်...
May 25, 2026
နော်ထွယ့်(ဟူးကောင့်) — စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်လက်အောက်မှာ...
May 23, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို...