မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူ (၁၀၀) ကျော်တွင် နိုင်ငံရေးအကျဉ်းသား (၅) ဦးသာပါရှိ

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူ (၁၀၀) ကျော်တွင် နိုင်ငံရေးအကျဉ်းသား (၅) ဦးသာပါရှိ

ဒီကနေ့ ကျရောက်တဲ့(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ မှာ မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူ အယောက်(၁၀၀) ကျော်မှာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူ (၅)ဦးသာပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ (၅) ဦးဟာ လွတ်ရက်စေ့ဖို့ ရက်အနည်းငယ်သာလိုတော့တဲ့ အကျဉ်းသားတွေဖြစ်တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ကျနော်က တစ်နှစ်ပဲကျတာ လွတ်ဖို့သိပ်မလိုတော့ဘူး။ ဒီနေ့လွတ်လာတာပေါ့။ ကျန်တဲ့သူတွေလည်း အကုန်တစ်နှစ်အောက်တွေပဲ လွတ်တာ။ နိုင်/ကျဉ်းက ယောက်ျားလေး (၄)ယောက် မိန်းကလေး တစ်ယောက်လွတ်တယ်။ ကျန်တဲ့ တစ်ရာကျော်က တခြားအမှုတွေပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ KNC ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လလည်း လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂) ရက်နေ့ ကလည်း မြစ်ကြီးနားအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား(၉)ဦး လွတ်ရက်စေ့နဲ့ လွတ်မြောက်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာနဲ့ လွတ်ပေးရာမှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ၂၀၂၁ ခုနှစ် ဇွန်လ (၃၀) ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာလ (၁၈) ရက်နှင့် (၁၉)ရက်မှာ တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက် နေ့ မှာ တစ်ကြိမ်နဲ့ ဒီကနေ့ ဇန်နဝါရီလ ( ၄ ) ရက်နေ့ မှာ တစ်ကြိမ် စုစုပေါင်း လေးကြိမ် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...