KNC ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ ပြန်လည်လွတ်မြောက်

KNC ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ ပြန်လည်လွတ်မြောက်

ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခံထားရတဲ့ ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လဟာ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ဒေါက်တာအမ်ကောန်လကို နေပြည်တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့က  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မတ်လ(၂၃) ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိတရားရုံးကနေ ပြစ်ဒဏ် (၂) နှစ် ချမှတ်ခဲ့ပြီးနောက်မှာလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး သန်းထိုက်အောင်ကနေ တရားလိုလုပ်ပြီး မြစ်ကြီးနားမြို့အမှတ်(၁)ရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ပဲ အမှုထပ်ဖွင့်ထားတာကြောင့်  အမှုရင်ဆိုင်ဖို့အတွက် ရမည်းသင်းအကျဉ်းထောင်ကနေ မြစ်ကြီးနား အကျဉ်းထောင်ကို ၂၀၂၂ မေလ(၉)ရက်နေ့က ရောက်ရှိခဲ့ပါတယ်။

မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ စွဲဆိုထားတဲ့ အမှု အထမမြာက်တဲ့အတွက် ၂၀၂၂ ဇွန်လ ၂၂ ရက်နေ့မှာ အဲဒီအမှုကနေ တရားသေလွတ်မြောက်ခဲ့ပြီး နေပြည်တော် ဇမ္ဗူသီရိတရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် (၂) နှစ်ကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဆက်လက် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါက်တာ အမ်ကောန်လဟာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး KPPF ရဲ့ လုပ်ဆောင်ချက်တွေတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါက်တာအမ်ကောန်လကို ပုဒ်မ ၅၀၅ - က နဲ့တရားစွဲဆိုထောင်ချခဲ့တာဖြစ်ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...