ပိတ်မိနေသည့် စစ်ရှောင်ပြည်သူအချို့ နှစ်ရက်ကြာအထိ အစာရေစာ မရကြသေး

ပိတ်မိနေသည့် စစ်ရှောင်ပြည်သူအချို့ နှစ်ရက်ကြာအထိ အစာရေစာ မရကြသေး

ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်းကျေးရွာ ဘုန်း ကြီးကျောင်း ပုရဝုဏ်တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍ ယနေ့ဇန်နဝါရီ ၃ ရက်အထိဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပိတ်မိနေသော ဌာနေစစ်ရှောင်အချို့ ယနေ့အထိ အစာရေစာ မရကြသေးဟု ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ စစ်သုံး လေယာဉ် များဖြင့် အကြိမ် ၂ဝ ကျော် နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် တောင်စွန်းရွာ လူနေအိမ် အများအပြားနှင့် ဘာသာရေးအဆောက် အဦးအချို့  မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ ကျေးရွာအသီးသီးမှ စစ်ရှောင်လူထုဦးရေ ၃,ဝဝဝ နီးပါးမှာလည်း အစာရေစာများ အခက်အခဲရှိလာနေပြီး ပိတ်မိနေသည့်စစ်ရှောင်အချို့မှာ ၂ ရက်ကြာလာသည့်အထိ အစာရေဆာ မရကြသေးဟု စစ်ရှောင် ဒေသခံများက ပြောသည်။

“တောတောင်တွေမှာနဲ့ ရွာမှာပိတ်မိနေသူတွေရှိတယ်။ ရက်ကြာလာတော့ သူတို့မှာစား စရာလည်း မရှိတော့ဘူး။ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေလည်း  အဝတ် အထည်တွေ သိပ်မပါကြဘူးလေ။  ဆောင်းတွင်းလည်း ဖြစ်နေတောလေး တောတောင် တွေမှာဆို အရမ်းအေးကြတယ်။ ဖျားနာလာတာတွေလည်း ရှိတယ်။ ဆေးဝါး လည်းလို အပ်နေတယ်။ တစ်ချို့ထမင်းမစားရတာ ၂ ရက်ရှိနေပြီး။ အကူညီလိုအပ်နေတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

စစ်ရှောင်ပြည်သူများတွင် မွေးကင်စကလေးငယ်များနှင့် သက်ကြီးရွယ်အို အများ အပြားရှိနေပြီး ၎င်းတို့စစ်ရှောင်နေကြသည့် နေရာများအထိ စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်မှုရှိသည့်အတွက်  အစားအစာများ ကူညီပေးဆောင်ရန် အခက်အခဲရှိနေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

တောင်စွန်းကျေးရွာတွင်  ယမန်နေ့ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီမှ ရဟတ် ယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်နေဆဲဖြစ်ပြီး ကျေးရွာလူနေအိမ်အချို့ မီးလောင်နေလျက်ရှိသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။

၎င်းအပြင် အနန်းကွင်း၊ လွတ်ရှမ်း၊ တံခွန်တိုင်ရွာတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီ တပ်မှ နေ့စဉ် လက်နက်ကြီးများ ခြိမ်းခြောက်ပစ်ခတ်နေသလို မွန်ပြည်နယ် အဘစ်ရွာရှိ စစ်ကောင်စီ အမြှောက်တပ်မှလည်း လက်နက်ကြီးလှမ်းပစ်ခတ် ခြိမ်းခြောက်နေလျက်ရှိသည့်အတွက် ဝင်းရော်ဒေသတစ်ခုလုံး စစ်ရေးပိုမိုဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေလျက်ရှိသည်ဟု သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...