မြစ်ကြီးနား Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများအား ရုံးထုတ်စစ်ဆေး

မြစ်ကြီးနား Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများအား ရုံးထုတ်စစ်ဆေး
စစ်ကောင်စီက ထုတ်ဖော်ပြသခဲ့သည့် ဖမ်းဆီးခံ KIO အရာရှိများ
စစ်ကောင်စီက ထုတ်ဖော်ပြသခဲ့သည့် ဖမ်းဆီးခံ KIO အရာရှိများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊တပ်ကုန်းရွှေလမ်းမလမ်းဘေးက Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ KIO အုပ်ချုပ်ရေးပိုင်းက အရာရှိတွေကို ဒီဇင်ဘာလ (၃၀)ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ KIO အရာရှိတွေ အားလုံးကို ပထမဆုံးအကြိမ်ရုံးထုတ်တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ လည်း တွေ့ခွင်မပေးဘူးလို့ ဖမ်းဆီးခံ အရာရှိတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" အခြေအနေက စကားတောင်ပြောခွင့်မရှိဘူး။ သူတို့ကို ရုံးထုတ်လာပို့တဲ့ အချိန်ကားပေါ် မှာတွေ့ခွင့်ရတယ်။အဲဒီပေါ် ကနေပြောတာကိုပဲ တိုးတိုးလေးကြားရတယ်။ပြန်လာတဲ့အချိန် တွေ့ရတယ် အဲဒီလောက်ပဲ။ သူတို့က အစောင့်အရမ်းများတယ်။ ရုံးထုတ်တာတောင် သူများတွေလို ကြာကြာမထားဘူး။ သူတို့ကိုက ၁၇(၁) တဲ့ " လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်ပြောကြားလာတာမရှိသေးတဲ့အတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ KIO/ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"ဘယ်ချိန် ရုံးထုတ်တယ်။ သူတို့ကို ဘယ်မှာထားထားတယ် ဆိုတာတွေလည်းဘာမှ မသိရသေးဘူး။ ဒါကြောင့် သူတို့နဲ့ဆိုင်တာကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အရာရှိတွေကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကနေ ဒီဇင်ဘာလအတွင်း မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ထပ်မံရုံးထုတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အထက်ပါ KIO အရာရှိ( ၁၁) ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့ မနက်အစောပိုင်းအချိန်က Happy KTV မှာရှိနေစဉ် စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...