၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်းကျေးရွာတွင် ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၃,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အဆိုပါ တောင်စွန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီက စစ်သုံးလေယာဥ်အကြိမ် ၂၀ နီးပါ လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် အနန်းကွင်း၊ ဆင်ပြေး၊ ၀င်းခန ၊ တောင်စွန်းနှင့် ကျောက်ဘီလူး စသည့်ကျေးရွာများမှ ဒေသခံများသည် အသက်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ရပြီး လက်ရှိတွင် နေရာထိုင်ခင်းနှင့် အစားအသောက်ရရှိရေး ခက်ခဲနေလျက်ရှိသည်ဟု စစ်ရှောင်သူများထံမှ သိရသည်။

တောင်စွန်းကျေးရွာတွင် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်ရင်း ၁၆ နှင့် စစ်ကောင်စီတို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညမှ ယနေ့ ဇန်နဝါရီ ၂ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်စွန်းရွာရှိ လူနေအိမ်အများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...