လောင်းလုံးမှာ ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

လောင်းလုံးမှာ ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့၊(ဃ)နဲ့(ဂ)ရပ်ကွက်တွေမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွေမှာဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၈ နာရီအချိန်လောက်က စစ်ကောင်စီတပ်၊ ရဲနဲ့ပျူစောထီးအဖွဲ့ အင်အား ၃၀ လောက်ပါတဲ့ အဖွဲ့က ဒေသခံ ၆ ဦးကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရလိုက်ရတဲ့သူတွေဟာ လောင်းလုံးမြိုခံ ဦးဖေသန်း၊ ကိုအောင်အောင်၊ မမီးထွေး၊ ဒေါ်အေးသန်း၊ ဒေါ်ကျင်သန်း၊ ဒေါ်ယဉ်နွယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့ခံတွေ အဆိုအရ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၆ ဦးဟာ စစ်ကောင်စီသတင်းပေး ဒလန်တွေကြောင့် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ဖမ်းဆီးလိုက်တဲ့ ဒေသခံတွေဟာ PDF တွေနဲ့ပတ်သက်တာ၊ ငွေကြေးထောက်ပံပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို လောင်းလုံးမြို့မရဲစခန်းကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ဖမ်းဆီးစဉ် သေနတ်နဲ့ပစ်ဖောက်တာအပြင် အော်ဟစ်ဆဲဆိုတာတွေလည်း ပြုလုပ်သွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြပြီး ဒေသခံတွေကို ဖမ်းဆီးနေသလို တချို့ကိုတော့ ငွေတောင်းပြီး ပြန်လွှတ်ပေးတာတွေရှိပေမယ့် အများစုကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ထားပါတယ်။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...