မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်သံများကြားရ၍ ဒေသခံများစိုးရိမ်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်သံများကြားရ၍ ဒေသခံများစိုးရိမ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို တွေ့ရစဉ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို တွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ယနေ့ (ဒီဇင်ဘာ ၂၃) ရက်နေ့ နံနက် ၅ နာရီခန့်က စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှ ကြားနေရခြင်းဖြစ်ပြီး တမန်းသား၊ ကြိမ်ချောင်း၊ မင်္ဂလာညွန့် စသည့်ကျေးရွာများမှ ကြားရခြင်းဖြစ်သည်။

တမန်းသား ကျေးရွာသားတစ်ဦးက “ဒီနေ့ နံနက်ပိုင်းကစပြီးတော့ ဘင်္ဂလားဒေ့ရှ်ဖက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားရပါတယ်။ အခုချိန်ထိလည်း ပစ်နေပါတယ်။ ပစ်ခတ်သံတွေ ကြားတော့ စိုးရိမ်မှုရှိတာပေါ့။ ဘာဖြစ်လို့ ပစ်နေတယ်ဆိုတာတော့ မသိဘူး”ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေခြင်းမှာ မည်သည့်အတွက် ကြောင်းဖြစ်သည်ကို ရှင်းရှင်းလင်း မသိရသေးသော်လည်း ဘင်္ဂလားဒေရှ် အာဏာပိုင်များက စစ်ရေးလေ့ကျင့်မှုပြု လုပ်နေမှုများဖြစ်နိုင်ကြောင်း ရခိုင်ဒေသခံများက ခန့်မှန်းနေကြသည်။

“ပထမ လက်နက်သံကြားတော့ စိုးရိမ်သွားတာပေါ့။ အပစ်အခတ်ရပ်စဲထားတာလည်း မကြာသေးဘူးလေ။ ပြန်ပြီးတော့ တိုက်ပွဲဖြစ်လားဆိုပြီးတော့ စိုးရိမ်မှုရှိတာ။ ကျနော်တို့ ထင်တာကတော့ အဲဒီဖက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ယူဆရတယ်။ အခုအချိန်ထိလည်း ပစ်ခတ်သံတွေကြား နေရဆဲပါ”ဟု မင်္ဂလာညွန့်ကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့ မောင်တောနယ်စပ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေသည်ဟု ဒေသခံများပြောဆိုချက်နှင့်ပတ်သက်ပြီး မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်အား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထို့အတူ ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း DMG က ဆက်သွယ်နေဆဲဖြစ်သည်။

မောင်တောဒေသသည် မြန်မာစစ်တပ်နှင့် AA တို့ ယခုနှစ် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားရာဒေသတခုဖြစ်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများနှင့်အတူ နယ်စပ်တလျောက်ရှိ မြန်မာစစ်တပ် နယ်ခြားစောင့် စခန်းအချို့ကို AA က သိမ်းပိုက်ထားမှုများ ရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးအပါအဝင် တိုက်လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုကာ အင်အားသုံးတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲဖြစ်စဉ်များအတွင် လက်နက်ကြီးကျည်ဆံများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲသို့ ကျရောက်မှုကြောင့် နယ်စပ်ဒေမှာနေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ဒေသခံများ စပါးရိတ်သိမ်းနိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ရပ်တန့်နေသည်။

သို့သော်လည်း ရခိုင်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများ က ပြောဆိုကြသည်။ ထိုသို့ စစ်ကောင်စီက လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်မှုရှိသည့်အတွက် တိုက်ပွဲပြန်လည်ဖြစ်လာမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...