မဲဆောက်ပို့မယ့် လက်နက်တွေ မိတယ်ဆိုပြီး သတင်းမှား ဖြန့်

မဲဆောက်ပို့မယ့် လက်နက်တွေ မိတယ်ဆိုပြီး သတင်းမှား ဖြန့်

မြန်မာဖက်ကမ်းကို ပို့မယ့် လက်နက်ခဲယမ်း အမြောက်အများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအမှား ပို့စ်တစ်ခုကို နေ မင်း ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဒီဇင် ဘာလ ၂၀ ရက်နေ့ က တင်ထားပါတယ်။

ထိုင်းရဲ့တပ်ဖွဲ့က လက်နက်မှောင်ခိုတွေဆီက ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်း ဓာတ်ပုံတွေကို အသုံးပြုပြီး တင် ထားတာပါ။

နေ မင်း ဆိုသူက “မြန်မာကိုပို့မည့်လက်နက်တွေကို ထိုင်းနယ်စပ်မဲဆောက်မှာ ထိုင်းရဲကဖမ်းမိတယ်။ ဘတ် သန်း ငါး ကျော်တန်ဖိုးရှိ တယ်လို့ပြောတယ်။ မိလို့တော်သေးတယ်ဗျာ ... နေမင်း သူရိန်” ဆိုပြီး ( မူရင်းအရေး အသား အတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ မင်းဆိုသူ တင်ထားတဲ့ ဓာတ်ပုံနဲ့ ဓာတ်ပုံပါ အကြောင်းအရာတွေဟာ မဲဆောက်မြို့မှာ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေ မဟုတ်ပဲ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နဲ့ အလွန်ဝေးတဲ့ ထိုင်းနိုင်ငံအတွင်းက တခြားဒေသတွေကနေ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

နေ မင်း ဆိုသူ တင်ထားတဲ့ ဓာတ်ပုံနဲ့ပတ်သက်တဲ့ အမှန်တကယ် အကြောင်းအရာကတော့ လက်နက်မှောင်ခိုင်တွေဟာ အွန်လိုင်းကနေ တစ် ဆင့် လက်နက်ခဲယမ်း ရောင်းဝယ်မှုတွေကို နေရာဒေသတွေ ဖြန့်ကျက်ပြီး လုပ်ဆောင်နေတာဖြစ်ပြီး အဲသလို လုပ်ဆောင်နေတာကို ထိုင်းရဲ့တပ်ဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ အကြောင်းအရာတွေပဲ ဖြစ် ပါတယ်။

ထိုင်းသတင်းမှာ ဖော်ပြထားတဲ့ လက်နက်ခဲယမ်း ဖမ်းဆီးရမိတဲ့ နေရာတွေကတော့ ချွန်ဘူရီ၊ ဆူရင် နဲ့ ချင်းမိုင် တို့သာ ပါဝင်ပြီး မဲဆောက် ပါဝင်တာကို မတွေ့ရပါဘူး။

ထိုင်းသတင်းဌာနဖြစ်တဲ့ one news 31 က ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေကို ဒီမှာ https://bit.ly/3PZ6sGl ဝင်ကြည့်လို့ရသလို Khao sod သတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3W88SEF ဝင်ဖတ်လို့ရပါတယ်။ ဒ့ါအပြင် Thaipost သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3Vl9QvT တွေ့နိုင်သလို Special Focus က ရေးသားထားတဲ့ သတင်းနဲ့ ဓာတ်ပုံကိုလည်း ဒီမှာ  https://bit.ly/3v4zmuZ ဝင်ကြည့်လို့ရပါတယ်။

နေ မင်း ဆိုသူ တင်ထားသလိုမျိုး ထိုင်းရဲတပ်ဖွဲ့က မြန်မာဖက်ကမ်းကို ပို့မယ့် လက်နက်ခဲယမ်း အမြောက်အများ ဖမ်းမိတယ်ဆိုတဲ့ သတင်းသာ တကယ်ဟုတ်မှန်ခဲ့ရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တော်တော်များများက သတင်းရေးသားကြမှာ ဖြစ်ပေမယ့် အခုအချိန်ထိတော့ ဘယ်သတင်းဌာနက မှ သတင်းရေးသားထားတာကို မ တွေ့ရပါဘူး။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်း ကြားထဲမှာလည်း ဘာပြော ဆိုသံမှ မကြားရပါဘူး။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ နေ မင်း ဆိုသူက  Facebook လူမှု ကွန်ရက် စာမျက်နှာမှာ စာဖတ်နေတဲ့ လူတွေရဲ့ စိတ်ကို လှည့်စားလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန်တဲ့ ဓာတ်ပုံတွေနဲ့ သတင်းအချက်အလက် အမှားတွေကို ဖန်တီးကာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်ပါ တယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...